part-9

5.2K 118 2
                                    

~သံယောဇဉ် ~

အပိုင်း(၉)

အိမ်မက်များလား........သင်္ကြန်အိမ်မက်များ
မက်နေခဲ့တာလား.....မဟုတ်ဘူး
ဒါအိမ်မက်မဟုတ်ဘူး.....တကယ်ဖြစ်နေတာ... ကိုကို
တကယ်ပြန်လာတာ..




"ကဲဗျာ.....ရပ်ဘဲကြည့်နေမှာလား..."




ကိုကို့စကားအပြီး ခြေလှမ်းတွေက လေအဟုန်လို
ခြံတံခါးရှေ့သို့ရောက်သွားရသည်။




"ပြန်မလာဘူးထင်နေတာ...."




"ပြန်လာမယ်လို့ ပြောခဲ့သားဘဲ...."



"မနေ့က ကိုကို့အိမ်ရောက်သေးတယ်..ဦးလေးနဲ့တွေ့တာ ကိုကိုကရန်ကုန်မှာဘဲနေမှာဆိုလို့.."



"အင်း.....အဖေပြောတယ်... ဒီမှာ သင်္ကြန်လက်ဆောင်လေး
မယူတော့ဘူးလား...."




ကိုကိုကမ်းလာသည့် ပိတောက်ပန်းခက်လေးအား လှမ်းယူလိုက်ပြီး နမ်းရှိုက်လိုက်သည်။



"မွှေးလား...."



"အင်း...မွှေးတယ်..."




"ကိုကို ဘယ်ကရတာလဲ....အပင်ပေါ်တက်ခူးလာတာလား.."





"မဟုတ်ဘူး.... ဓားပြတိုက်လာတာ...မင်းကိုပေးဖို့.."




"ဟိဟိ... "




"မင်းအဒေါ်တို့ကရော..."





"ဥပုသ်စောင့်သွားတယ်..."




"တစ်ယောက်ထဲပေါ့"



"အွန်း...တစ်ယောက်ထဲ... "




"ဘယ်အချိန်ပြန်လာမှာလဲ..."




"ညနေငါးနာရီလောက်မှ...."




"သင်္ကြန်လည် အတူသွားချင်လား..."




ကိုကို့မေးခွန်းတိုင်းကို ဆက်တိုက်ပြန်ဖြေနေမိသော်လည်း
ဒီမေးခွန်းကျမှ ငုဝါခေတ္တစဥ်းစားမိနေသည်။ တီပိုးကို
ရေကစားမယ်ဆိုပြီးဘဲ ခွင့်တောင်းထားတာ....ကိုကိုနှင့်အတူတူ သင်္ကြန်လည်သွားလိုက်ရင် မတော်တဆ တီပိုးများ သိသွားခဲ့ရင်..



အို...တစ်နှစ်တစ်ခါ ပျော်ရတဲ့သင်္ကြန်ဘဲ...ပြီးတော့ ကိုကိုခေါ်သည်ကို လိုက်မသွားမိရင် နောက်ကျ နောင်တရနေမိမှာ...
ဖြစ်ချင်ရာဖြစ်စမ်းကွာ.....ကိုကိုနဲ့လိုက်မယ်..




~သံယောဇဉ်~Where stories live. Discover now