part~24

3.3K 87 0
                                    

~သံယောဇဉ် ~

အပိုင်း(၂၄)


"ဆရာ..."


"အေး....သမီး လာထိုင် "



"ငုဝါကို ခေါ်ခိုင်းလိုက်တယ်ဆိုလို့ပါ..."


ဆေးရုံအုပ်၏ ရုံးခန်းမှ ထိုင်ခုံတွင် ငုဝါဝင်ထိုင်လိုက်သည်။ ငုဝါတို့ဆေးရုံအုပ်က ဟိုးအရင်ကတည်းက သဘောကောင်းတဲ့သူပါ....အသက်၆၀ ကျော်နေပြီဖြစ်သော်ငြားလည်း အလုပ်ကို လူငယ်တွေထက်ပိုပြီး ကြိုးစားသည်။

ပညာဂုဏ် ရာထူးဂုဏ်တို့နှင့် ပတ်သတ်၍လည်း မောက်မာထောင်လွှားခြင်းမျိုးမရှိဘဲ
အောက်ခြေကဝန်ထမ်းတွေအပေါ်မှာလည်း ဂရုဏာတရားဖြင့် ဆက်ဆံတတ်သူလည်းဖြစ်၏။



"အေး ဟုတ်တယ် သမီး....မောင်သူရတည်တံ့က
ဆရာ့နဲ့အမျိုးတော်တယ်.....သူ့မိဘတွေက
နိုင်ငံခြားရောက်နေလို့ အခုဆေးရုံတက်တဲ့ကိစ္စအဝဝကိုလည်း ဆရာဘဲ ကူညီပေးနေရတာ..."



"ဟုတ် "



"သူက သမီးကို သူ့ရဲ့နပ်စ်အဖြစ် ငှားချင်တယ်တဲ့...."



"သမီး ငြင်းလို့မရဘူးလား ဆရာ..."



"ငြင်းလို့တော့ရပါတယ်...ဒါပေမယ့် ဆရာကျ
မကောင်းဘူးပေါ့.သမီးလုပ်နိုင်မှပါ....မဟုတ်ရင်မခိုင်းပါဘူး.."


"ဆရာ့မျက်နှာနဲ့မိုလို့ သူဆေးရုံကနေမဆင်းခင်အထိ
ဒီဆေးရုံပေါ်မှာတော့ ပြုစုပေးနိုင်ပါတယ်ဆရာ..."



"ကျေးဇူးတင်ပါတယ်ကွယ်....အခုသူက အခက်အခဲဖြစ်နေတဲ့ အခြေအနေမို့လို့ သူ့ဆန္ဒကိုငြင်းပယ်လိုက်လျှင် မကောင်းဘဲဖြစ်သွားမှာစိုးလို့ပါ...."



"ဟုတ် ငုဝါနားလည်ပါတယ်..."



~~~~~


သူ့ကိုထားသည့်အခန်းဆီ ငုဝါသွားလိုက်သည်။
အိပ်ပျော်နေတယ်ဟုထင်ပေမယ့် ငုဝါဝင်သွားတော့
မျက်လုံးဖွင့်ပြီး ထလာသည်။


ငုဝါ သူ့အား မျက်မှောင်ကြုတ်ကာကြည့်၍...


"လူကိုသက်သက်မဲ့ နှိပ်စက်ချင်လို့မို့လား..."



~သံယောဇဉ်~Where stories live. Discover now