~သံယောဇဉ် ~
အပိုင်း(၃၆)
"ဓနိ......ကိုယ့်ကို တံခါးဖွင့်ပေးပါဦးကွာ...."
"ဘာကိစ္စနဲ့ဖွင့်ပေးရမှာလည်း... "
"အိပ်မလို့လေ"
"ခင်ဗျား ကိုယ့်အခန်းထဲကိုယ် အိပ်လေဗျာ...."
"ကိုယ် ဆေးရုံက ဆင်းရတာမကြာသေးဘူးလေ...အဲ့တော့ ညရေးညတာ ကိုယ့်အနားမှာ လူရှိနေမှဖြစ်မှာ...."
ဆေးရုံမှာ သုံးပတ်လောက်ကုသမှုခံယူပြီး အိမ်ပြန်ရောက်လာတာ နှစ်လတောင်ကျော်သွားသည်ကို ဆေးရုံက ဆင်းလာတာမကြာသေးဘူးဆိုတော့ ဓနိအခန်းထဲကနေ ရယ်ချင်နေမိသည်။
ဦးမာန်နေစွယ်ဟာ သူနှင့်တစ်ခန်းတည်းအိပ်ဖို့အတွက်
ညဏ်နီညဏ်နက်မျိုးစုံကိုလည်း ထုတ်သုံးနေတာဖြစ်၏။
သူကလည်း ဦးမာန်နေစွယ်၏အကွက်တွေအား ကြိုသိနေ၍ အခန်းတံခါးကို လော့ချထားတာဖြစ်သည်။"အဲ့ဒါဆို ခင်ဗျားတပည့်တစ်ယောက်ယောက်ကို
ခေါ်အိပ်ပါ့လား.....""ကိုယ်က တခြားလူနဲ့ဆို အိပ်ပျော်မှာမဟုတ်ဘူး....
.မင်းနဲ့ဆိုရင်သာ...."အသက်သာကြီးတာ ကလေးစိတ်အတိုင်းပင်....တစ်ခါတစ်လေ ဦးမာန်နေစွယ်က သူ့ထက်တောင် ငယ်သည်ဟုထင်ရသည်။ အပြောလေးတွေက တကယ့်ကလေးလေးကို ချစ်ဖို့ကောင်းနေသေးသည်။
"ကျုပ်ကုတင်က ကျဥ်းတယ်....နှစ်ယောက်အိပ်လို့မရဘူး"
"ဒါဆို ကိုယ့်အခန်းလာအိပ်လေကွာ...နော်"
"ခင်ဗျားဇွတ်ကြီးပါလား......"
"သရဲကြောက်လို့ပါကွာ....."
"ခွီးးး......."
ဓနိ အိပ်ရာပေါ်ကနေ ဖုန်းထိုင်သုံးရင်း ဦးမာန်နေစွယ်
ပြောလိုက်သည့်စကားကြောင့် ရယ်ချင်စိတ်ကို
ထိန်းမထားနိုင်တော့ဘဲ ခွီးကနဲဖြစ်သွားရ၏။ဆက်ပြီး နှိပ်စက်နေလည်း ဒီအဘိုးကြီးက အခန်းရှေ့ကနေခွာမှာမဟုတ်ပါ.......ဒါ့ကြောင့် ဓနိတံခါးလော့ချထားသည်ကို
သွားဖွင့်ပေးလိုက်ကာ.......
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...