~သံယောဇဉ် ~
အပိုင်း(၁၂)
"ကိုကို ကျောင်းပြန်တက်ပြီပေါ့ ....အပ်ပြီးပြီလား...
ဘယ်အခန်းလဲ ""အေခန်း...."
"ဒါဆို ကိုကိုက ဘိုင်အိုယူလို့ပေါ့...ငုဝါနဲ့တစ်ခန်းတည်းဘဲ..."
"အင်း....."
ငုဝါ့ကို ကျောင်းသွားဖို့ ကိုကိုကလမ်းထိပ်မှာစောင့်နေတာဖြစ်သည်။ ကိုကို့ကို မြင်တော့ ပျော်ပြီး စက်ဘီးကိုအရှိန်မလျှော့ဘဲနင်းတာ ဆိုင်ကယ်နဲ့တောင် ချိတ်မိတော့မလိုလို....
ကိုကိုက အသက်တစ်နှစ်ကြီးလာလေ....ပိုပြီးတော့ ချောလာလေဖြစ်သည်။ အခုလည်း အဖြူအစိမ်းဝတ်စုံအသစ်နှင့် ဖွေးသန့်လို့နေလေသည်။
"ကိုကို့ကို အိမ်ကဆူသေးလား.."
"ဘာလို့လဲ "
"သင်္ကြန်နဲ့ပတ်သတ်ပြီးလေ.. အဲ့ဒါကြောင့် အခုမှပြန်လာတာလားလို့..."
"မဟုတ်ဘူး.... အိမ်ကမဆူဘူး....ကိုကို့အမေနဲ့ ပြင်ဦးလွင်က အမျိုးတွေဆီ သွားလည်နေလို့ ပြန်မလာဖြစ်တာ.."
"အော်.....အဲ့လိုလား... မသိပါဘူး ငုဝါက ကိုကို အဆူခံထိနေပြီ အောက်မေ့နေတာ...."
"တစ်အိမ်လုံးရဲ့အချစ်ခံလေးလေ...အဆူခံရပါ့မလား..."
"ဟိဟိ... ဟုတ်ပါပြီ...ဟုတ်ပါပြီ....ကြွားနေတာ....."
"ကျူရှင် ဘယ်တက်မှာလည်း..."
"ကိုကိုကရော..."
"အောင်မြင်ခြင်းမှာ တက်ရမှာ..."
"ငုဝါက တံခွန်လုံ့လမှာ.....ဆရာမဒေါ်ခင်ချိုဆီလေ..."
"ကျူရှင်တော့မတူတော့ဘူးဘဲ...."
ငုဝါ့မျက်နှာ ချက်ချင်းငြိုးသွားရသည်။ကိုးတန်းရောက်လျှင်
ကိုကိုနဲ့ကျူရှင် အတူတူတက်မည်ဟုစိတ်ကူးထားခဲ့တာ....
အခုတော့ ထိုစိတ်ကူးလေးက ပျက်သုဉ်းသွားရလေပြီ....ကိုကိုကလည်း ကိုကို့အိမ်ထားသည့်ကျူရှင်ကို တက်ရသလို....ငုဝါလည်းဘဲ ထိုအတိုင်းပင်......
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...