part-37

5.3K 109 0
                                    

~သံယောဇဉ် ~

အပိုင်း(၃၇)


ဘလော့ထားတာကို ပြန်ဖြေလိုက်ပေမယ့် ကိုကို့ဘက်က
စာတစ်​ကြောင်းမှ ပို့ထားတာမျိုးမရှိပါ။ပြီးတော့ ဆက်သွယ်ထားတာမျိုးလည်းမရှိပေ။ ဒါ့ကြောင့် ငုဝါပိုပြီးစိတ်ဆိုးရတာလည်းဖြစ်သည်။

ကိုကိုတကယ်ဘဲပြောင်းလဲသွားပြီလား....ငုဝါကို
မချစ်တော့ဘူးလား.....ဘလော့လိုက်မိလို့များ ငုဝါကိုသူက
ပြန်ပြီးစိတ်ဆိုးသွားတာများလား.......

ဘယ်လိုပင်ဖြစ်စေကာမူ....ကိုကိုဟာအရင်ကလိုမျိုးတော့
မဟုတ်တော့ပါ......ဒါကရည်းစားသက်တမ်းကြာလာလို့လား..
ဒါမှမဟုတ် တခြားတစ်ယောက်အပေါ်စိတ်တိမ်းညွှတ်နေတာလား

အတွေးပေါင်းများစွာနဲ့ချာချာလည်တဲ့စိတ်ရယ်.... ကိုကို့ကို
လွမ်းသည့်စိတ်ရယ်...ညဘက်ဆို အိပ်မပျော်ဘဲ အလုပ်ခွင်မှာလည်း မတက်ကြွနိုင်လို့ ဆေးရုံအုပ်က မဆူသဖူး
ခေါ်ဆူတာတောင် ခံရသေးသည်။

စိတ်နှင့်လူနဲ့လည်း မကပ်သလို.... စားချင်သောက်ချင်စိတ်တောင်မရှိပါ....သူများတွေပြောသလို ရည်းစားပူမိတယ်ဆိုတာ
ဒါမျိုးပါလား......

ကိုကို့ကို ပြတ်နိုင်လားဆိုတော့လည်း ငုဝါသေသွားရင်တောင်
ဝိညာဉ်အဖြစ်ကိုကို့နားမှာ ကပ်နေချင်သေးတာ.......
ပြတ်ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်.....


မီးစိမ်းမပြသည့် accလေးကို ငုဝါဘက်က စာစပြီး
ပို့ဖို့ကျတော့လည်း မလိုအပ်သည့်မာနတချို့က
တင်းခံနေသေးသည်။ သူတောင်စာမပို့သေးတာ
ငါကဘာလို့သွားပို့ရမှာလည်းဆိုပြီးတော့.......

ကိုကိုကရော ငုဝါသဝန်တိုတယ်ဆိုတာ သူ့ကိုသိပ်ချစ်လွန်းလို့ဆိုတာ မသိဘူးလား.......အရင်ကတောင် ငုဝါသဝန်တိုလျှင် ပျာပျာသလဲရှင်းပြပြီး စိတ်မဆိုးရသေးခင်တောင်
ကြိုချော့တတ်သည့်ကိုကိုက ဒီတစ်ခါမှဒေါသတွေထွက်ပြီး ငုဝါကို အဆက်အသွယ်တောင်မလုပ်တော့ပေ။.

ရင်လည်းနာရသလို....စိတ်မကောင်းလည်းဖြစ်ရသေးသည်။သူငယ်ချင်းတွေကို အရင်ကလိုVCနဲ့ပြောဖို့ကျလည်း ငုဝါစိတ်အဆင်မပြေပါ......အကယ်၍များ ကိုကိုနှင့်ဖြတ်ဖို့
အကြံပေးလျှင်ဆိုသည့်အတွေးတွေက ဝင်လာပြီး သူတို့ကိုလည်း ပြောမပြရဲခဲ့ပေ။


~သံယောဇဉ်~Where stories live. Discover now