~သံယောဇဉ် ~
အပိုင်း(၄၉)
လူကို ပစ်သွားခဲ့သည့် သားအဖ တပတ်ကြာတော့
ပြန်ရောက်လာခဲ့ကြလေသည်။တပတ်တိတိ မအေကို
ခွဲလိုက်ရသည့် သားသားက ငုဝါကို မြင်တာနှင့်
အတင်းပြေးဖက်ပြီး......"မားမား....ပါးပါးမကောင်းဘူး......ပါးပါးက မားမားနဲ့
သားသားကို ခွဲတယ်......ပါးကို မချစ်တော့ဘူး...."သူ့အဖေမှ အဖေဆိုသည့် သားသားက ငုဝါကို
အခုလိုတမ်းတမ်းတတရှိတာမြင်တော့ စိတ်ထဲ ပျော်မိသည်။ တစ်ခါတစ်လေ သားကတောင် ငုဝါကို မချစ်ဘူးဟု
ထင်မိတာကိုး..."ကိုကို တောင်းပန်ပါတယ် ငယ်....စိတ်လိုက်မာန်ပါ
ဆုံးဖြတ်မိတယ်""နေ့စေ့လစေ့နဲ့ မိန်းမကို ပစ်စလက်ခတ်ထားခဲ့ပြီး ဘာကိုတောင်းပန်တယ်လည်း.....ရှင် ကျွန်မကို နည်းနည်းလေးမှတောင် မယုံခဲ့ဘူးမို့လား...."
သားသားကို ရင်ခွင်ထဲထားရင်း သူပြောသည့်စကားတွေကို
ငုဝါပြန်ပြောနေမိသည်။ တကယ်ဆို
ဒိီလိုခွန်းတုံ့ခွန်း ပြန်မပြောချင်ပါ.......ကိုကို့ကို စိတ်ဆိုးတာကလည်း ခဏတစ်ဖြုတ်သာ ငုဝါမှာ
ကြာကြာစိတ်မဆိုးနိုင်ပေ။ပြီးတော့
ကိုကိုထွက်သွားပြီးကတည်းက ထက်ပညာ
အိမ်အလည်မလာတော့တာ....
သူ့စိတ်ထဲမှာ အထက်တန်းတုန်းက ကိစ္စကိုမကျေနပ်တာကြောင့် ငုဝါတို့လင်မယားကြားမှာ အခုလိုခြေကန်ထိုးလိုက်တာလည်း
ဖြစ်လောက်၏။ရက်ကွက်ထဲမှာ ပြောသံကြားတာကတော့
ကောင်မလေးတစ်ယောက်နဲ့ စေ့စပ်ပြီးသားဆိုဘဲ....ပြီးတော့ ထက်ပညာက အိမ်ထောင်သည်တစ်ယောက်ကို
ကြာကူလီလုပ်ချင်သောသူမျိုးမဟုတ်.......သူ့စိတ်ထဲ
နာကျည်းမှုရှိလို့သာ အခုနည်းဖြင့် နှောင့်ယှက်တာဖြစ်လိမ့်မည်။သူ့အကြံအစည်အရတော့ ငုဝါတို့လင်မယား ကွဲကြကွာကြပါစေဆိုသောဖြင့် ဖြစ်လိမ့်မည်။ သူမသိတာက ငုဝါတို့၏
သံယောဇဉ်ကြိုးဟာ ဘယ်သူမှဖြတ်မရအောင်
ခိုင်နေတယ်ဆိုတာပါဘဲ....ဒီပြဿနာမှာ ငုဝါပယောဂလည်း မကင်းတာကြောင့် ကိုကို့အား ကြာကြာစိတ်မဆိုးနိုင်တော့ဘဲ ရှိသမျှဆိုးချင်သည့် စိတ်တွေကို ဖြေလျှော့ပစ်လိုက်ကာ ငြိမ်းချမ်းမှု ယူလိုက်ရသည်။.
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...