~သံယောဇဉ် ~
အပိုင်း(၁၁)
သင်္ကြန်အကျနေ့တစ်ရက်ထဲသာ ကိုကိုနှင့်အတူတူ လည်ခွင့်ရခဲ့ပြီး နောက်ရက်တွေမှာ ငုဝါအဖျားမပျက်ခဲ့၍ မလည်ခဲ့ရတော့ပါ။ ကိုကိုကလည်း ငုဝါမပါ၍ အိမ်တွင်းအောင်းသည်တဲ့....တအားကို ချစ်ဖို့ကောင်းလိုက်သည့်ကိုကို....
တစ်ရက်သာလည်ခဲ့ရသည့် သင်္ကြန်ဆိုပေမယ့် ကိုကိုနှင့်ဖြတ်သန်းခဲ့ရသည့်အတွက် ဒီနှစ်သင်္ကြန်က ငုဝါအတွက် အဖိုးမဖြတ်နိုင်ပါ။ အပျော်ရဆုံးအမှတ်တရဆိုလျှင် ၂၀၁၃ ခုနှစ်၏ သင်္ကြန်ဟုသာပြောရပေလိမ့်မည်။
ထိုသို့ အဖိုးဖြတ်မရပါသော ခုနှစ်ရက်စွဲတို့ကို ငုဝါ၏ဒိုင်ယာရီစာအုပ်သေးသေးလေး၌ မှတ်တမ်းထင်ထားလိုက်မိတော့သည်။အောက်မှာ ကိုကိုဟူသောစာလုံးကို လှလှလေးပုံဖော်ရေးရင်း ဒိုင်ယာရီထဲသို့ သိမ်းထားလိုက်၏။
နှစ်ဆန်းတစ်ရက်နေ့က ငုဝါ၏မွေးနေ့ဆိုပေမယ့် လူကအဖျားပြင်းလွန်းထားသောကြောင့် အားမရှိ၍ ပျော်ရွင်စွာမဖြတ်သန်းဖြစ်ပါ။ တီပိုးက ဟိုတစ်လောက မွေးနေ့အကြိုဆိုပြီး mp4လေးလက်ဆောင်ပေးထား၍ ထပ်ပြီးမတောင်းဆိုပါ။
mp4တစ်လုံး၏တန်ဖိုးကိုက နည်းတာမှမဟုတ်ဘဲ.....ဟန်းဖုန်းများကဆို ပိုက်ဆံရှိသည့်လူကုန်ထံအသိုင်းအဝိုင်းများသာ ကိုင်နိုင်သောအရာဖြစ်သည်။
သင်္ကြန်ပြီးတော့ ကိုကိုရန်ကုန်ပြန်သွားသည်ဟုကြားသည်။ ငုဝါကို လာနူတ်ဆက်ပြီး ပြန်သွားလေသည်။ ကိုကို့မှာ ငုဝါကြောင့် သင်္ကြန်ကို ကောင်းကောင်းမွန်မွန်မဖြတ်သန်းရဘဲ ပြန်သွားရ၏။
ကိုကို့မေမေက မြင်းခြံကို သူတို့မသိအောင်ခိုးပြန်တာကြောင့် စိတ်ဆိုး၍ ပြန်ခေါ်တာတဲ့.........
ဟိုမှာအရိုက်များခံရမလားမသိဘူး....ကိုကို့ပေးတဲ့ဖိနပ်နဲ့ဘောင်းဘီကို သေချာလျှော်ပြီး ဗီရိုထဲမှာ သိမ်းထားလိုက်သည်။
~~~~~~
တန်ခူးလက တဖြည်းဖြည်းကုန်ရင်း ကဆုန်သို့ရွေ့လျားလာပြီး ပူပြင်းလှလွန်းသည့် ကဆုန်လကုန်ကာ....... မိုးဦးအစဖြစ်သည့် နယုန်လ မိုးဖွဲလေးများရွာသောလသို့ရောက်လာသည်။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...