~သံယောဇဉ် ~
အပိုင်း(၃၉)
ထိုနေ့က ကိုကိုက လက်ထပ်ကြမယ်ပြောလို့ လူက
ရင်ခုန်သွားတာ......ပြီးတော့ကျမှ ကိုကိုက စနောက်တာဟုပြောသည်။ တကယ်လည်း လက်ထပ်ဖို့က
ငယ်သေးတယ်မလား...ကိုကိုက မင်းသားတစ်ယောက်ဆိုတော့ အသက်၂၅နှစ်ဆိုသည့်အရွယ်က အိမ်ထောင်ပြုဖို့ ငယ်ရွယ်ပါသေးသည်။ မထင်မှတ်ဘဲ ငုဝါလောဘတွေကြီးနေမိတာဘဲ.........
ကိုကို့အိမ်က ငုဝါမီးလောင်တာကြားကတည်းက သူတို့ဆီမှာနေဖို့ခေါ်နေတာ.......ငုဝါအားလည်းအားနာ မျက်နှာလည်းပူ၍
မနေဖြစ်ပါ။သို့ပေမယ့် ကိုကိုကတော့ သူ့အိမ်မှာ နေခိုင်းပါသည်။
ကိုကိုကတော့ ကွန်ဒိုမှာနေမည်ပေါ့.....တကယ်တမ်းပြောရလျှင် ဆုံးရှုံသွားသည့်ပစ္စည်းတွေကို ကိုကိုကဝယ်ပေးတာကြောင့် အဝတ်အစား အသုံးအဆောင် ပြည့်စုံပေမယ့် အဆောင်အသစ်မှာ နေရထိုင်ရတာ အဆင်မပြေပါ။အရင်ကလို ငုဝါနှင့်တစ်ဆေးရုံထဲ တာဝန်ကျသည့် အစ်မတွေက မီးလောင်တာကြောင့် နယ်ပြန်သူကပြန်....တခြားအလုပ်ကိုပြောင်းသွားသည့်သူကပြောင်းသွားနှင့် တွေ့တောင်
မတွေ့ဖြစ်တော့ပါ...သူတို့လည်း သူတို့စုထားတာလေးတွေ ကိုယ်ပိုင်ပစ္စည်းတွေ ဆုံးရှုံးသွားတာကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်နယ်ကိုပြန်သွားကြတာဖြစ်၏။
ငုဝါကိုလည်း သတင်းကြားကြားချင်း တီပိုးကလှမ်းခေါ်ပေမယ့်
ငုဝါမပြန်ဖြစ်ပါ......တီပိုးဘေးမှာ ဟိုလူရှိနေသရွေ့...တီပိုးဆီ
ငုဝါပြန်နေမှာမဟုတ်.......ကိုယ့်ဇာတိကို မလွမ်းဘူးလားဆိုတော့ လွမ်းတာပေါ့လေ......ကိုယ်ကြီးပြင်းခဲ့တဲ့ အရပ်ဒေသမှာဘဲ နေချင်တာပေါ့....
ဒါပေမယ့် ငုဝါစိတ်ကိုနာအောင်လုပ်လိုက်တော့....ဘယ်လိုမှ
ပြန်စိတ်ဖြေလို့မရပါ.......ဒီမှာဘဲ အဆင်ပြေသလိုနေတော့မည်ဟု ပြန်ပြောလိုက်သည်။
တီပိုးကတော့ ငုဝါကိုခေါင်းမာလိုက်တာဟု အလိုမကျပေမယ့်
ဒီကိစ္စတွေအားလုံးကို ဖန်တီးခဲ့တာလည်း တီပိုးကိုယ်တိုင်သာပင်။
![](https://img.wattpad.com/cover/365286521-288-k825371.jpg)
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...