~သံယောဇဉ် ~
အပိုင်း(၁၀)
သင်္ကြန်မဏ္ဍပ်ကြီး၏နောက်မှာ တစ်နာရီလောက် အတူထိုင်ပြီး စကားမပြောကြဘဲ ငြိမ်သက်နေကြသည်။ နှစ်ယောက်လုံးက
ကိုယ့်အတွေးတွေကိုယ်စီနဲ့မို့ ခဏတာ တိတ်ဆိတ်နေကြသည်။ ယှဥ်ထိုင်နေသည့်ကြားမှာ လက်ကလေးတွေထောက်ထားကြရင်း ငုဝါလက်က မတော်တဆ ကိုကို့လက်ကို သွားထိမိသည့်အခါ
ထိုခဏတာအတွင်းမှာ လျှပ်စီးလက်သလို ဖြစ်သွား၏။ကိုကိုက ပြုံးပြန်သည်။ အဲ့ဒီအပြုံးတွေက ငုဝါနှလုံးသားကို အကြိမ်ကြိမ် ခြွေယူသွားတယ်ဆိုတာ ကိုကိုကဘယ်သိမှာလည်း..
"ပျော်လား....."
"ဟုတ်..... ဒါ ငုဝါရဲ့ပထမဆုံးသင်္ကြန်လည်ခြင်းဘဲ..
ကိုကို့ကြောင့်မို့ လည်ခွင့်ရတာ...""အဒေါ်ကို မကြောက်တော့ဘူးလား..."
"ဘယ်ကသာ ကြောက်တာပေါ့....အခုတောင်ပြန်ရင်
ဘယ်လိုဖြစ်မလည်းတွေးပြီး ကြောက်နေတာ...""အခုမှ၁နာရီဘဲရှိသေးတယ်....အချိန်မှီတော့ပြန်ပို့ပေးမှာပါ
မမိလောက်ပါဘူး...""အွန်း.... အဲ့လိုဆုတောင်းရတာဘဲ...ဟိ"
အသက်၁၄နှစ်မပြည့်တပြည့်ကောင်မလေးက ရယ်လိုက်လျှင် အရမ်းဖြူစင်လွန်းသည်။ ဘာမှမလိမ်းခြယ်ထားဘဲ လှနေတဲ့သူ့မျက်နှာနုနုလေး......ပြီးတော့ သူ့အပေါ် ကြင်နာသည့်အကြည့်တွေ....... ဒီကောင်မလေးသူ့ကို သဘောကျနေသည်ဆိုတာ သိခဲ့ရသည်ကသူမအကြည့်ရီဝေဝေလေးတွေ.....
သူနဲ့မျက်လုံးချင်းဆုံလျှင် ရှက်သလိုလိုနှင့်
လွှဲသွားတတ်တာတွေ.....တခြားကောင်မလေးတွေနှင့် အောင်သွယ်ခိုင်းလျှင် မျက်နှာကလေးပျက်သွားတတ်တာတွေကြောင့် ဖြစ်သည်။ သူရိပ်မိနေခဲ့၏။"နောက်နေ့ရော လည်ချင်သေးလား..."
"ညနေကျ ဘယ်လိုမှမနေဘူးဆိုရင် လည်ချင်သေးတယ်"
"ကောင်းပြီလေ.... မနက်ဖြန်ကျ လာခေါ်မယ်..... "
"ဒီဖိနပ်က...ကိုကို့ဖိနပ်မဟုတ်ဘူးထင်တယ်..ဘယ်ကရတာလဲ "
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...