~သံယောဇဉ် ~
အပိုင်း(၄၇)
"ကျေးဇူးတင်ပါတယ် ကိုမာန်.....ကျွန်တော့်အိမ်က အရှုပ်ထုပ်ကို ရှင်းပေးလို့..."
"ရပါတယ်.... ရန်ဒီကလည်း သူ့ဇနီးငယ်ကို အပူတပြင်းရှာနေတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားတာ...."
"မြတ်နိုးနှင်းဆီအပေါ် ဒီလိုမျိုးမလုပ်ချင်ပါဘူး...ဒါပေမယ့် သူကကျွန်တော့်ဇနီးနဲ့သားကို ထိခိုက်လာတော့ သူ့အပေါ် ဘယ်လိုမှ မကျေအေးပေးနိုင်ဘူး"
"ဒီလိုဘဲပေါ့ဗျာ....ကျုပ်တို့ယောကျ်ားတွေက ချစ်တတ်ကြရင်
နှစ်ယောက်မရှိဘူးလေဗျာ....""ဒါ့ထက် ခင်ဗျား အချစ်တော်လေးရော မမြင်ပါ့လား..."
ဓနိကို ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။
"ဓနိက အဘိုးနဲ့အပန်းဖြေခရီးခဏထွက်သွားတယ်"
"အနားကနေအပျောက်မခံဘူးဆိုပြီး အခုကျ
လိုက်မသွားဘူးလား""ဟွန်းဟွန်း..... လူကြီးပါနေရင် ကဲလို့သဲလို့မရဘူးလေ...
ကိုယ့်စိတ်ကို မထိန်းနိုင်မှာစိုးလို့ မလိုက်ဖြစ်တာပါ""ဟားဟားးးးးဟုတ်ပါပြီဗျာ....ကိုမာန် ဒါဆို
ကျွန်တော်ပြန်လိုက်ဦးမယ်.....""ဘာလဲ အိမ်ကမိန်းမနဲ့သားကို စိတ်မချလို့လား...."
"ကိုမာန်ကတော့ ပြန်ဖဲ့ပြီဗျာ.....ဟုတ်တယ်ဗျာ...ဟုတ်တယ်...
ငယ်က သိပ်နေမကောင်းဘူးဗျ....ပြန်မှဖြစ်မယ်""ကောင်းပါပြီ...လိုအပ်တဲ့အခါ အကူအညီလိုရင်
အချိန်မရွေးလာခဲ့ မင်းသား....."မင်းသားအလုပ်မလုပ်တော့တာတောင် မာန်နေစွယ်က
မင်းသားလို့ခေါ်နေလေသည်။ သူရတည်တံ့ဟာ ရုပ်ရှင်လောကမှ အရင်က လျှမ်းလျှမ်းတောက်ဘဲမို့လား....နားတာနှစ်နှစ်လောက်ရှိနေပေမယ့် အခုအချိန်ထိ သူ့ဇာတ်ကားတွေဟာ
နာမည်ကြီးနေဆဲပင်......."ဟုတ်ပြီ ကိုမာန်...."
မာန်နေစွယ်လည်း ဧည့်သည်ပြန်သွားသည်နှင့်
တစ်ယောက်သောသူလေးဆီ ဖုန်းဆက်ဖို့ဟန်ပြင်လိုက်သည်။
ခွဲနေရသည့်နှစ်ရက်အတွင်းမှာ အခုတစ်ခါသာ ဆက်ရသေးသည်။
စိတ်များကောက်တော်မူနေသလား မသိပေ။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...