~သံယောဇဉ် ~
အပိုင်း(၂၉)
ညနေစောင်းတော့ duty outသည်။ night dutyလည်းမရှိတာမို့ အိမ်သို့ချက်ချင်းတန်းပြန်ရုံသာရှိလေသည်။
ဒီနေ့အသစ်ရောက်လာသည့်
လူနာမှတ်တမ်းတွေကို တစ်ချက်ပြန်စိစစ်ပြီးနောက်
တခြားသူများကို နူတ်ဆက်ကာ ဆေးရုံအပြင်ဘက်ဆီသို့ထွက်လာခဲ့လိုက်သည်။ဒီနေ့စောစောduty outတယ်ဆိုတော့ ညနေကျ လှည်းတန်းမှာ ဓနိနှင့်အတူ ဝက်သားတုပ်ထိုးသွားစားမယ်ဟု ဆုံးဖြတ်လိုက်ရင်း ဖုန်းထုတ်၍ ဓနိကိုခေါ်မလို့ဟန်ပြင်သည်။
မသိသောနံပါတ်စိမ်းတစ်ခုဝင်လာ၍ ခဏတော့
ကိုင်သင့်မကိုင်သင့်စဥ်းစားလိုက်ပြီးမှ ထပ်ခါထပ်ခါဆက်နေတော့ ငုဝါကိုင်လိုက်မိသည်။"ဟဲလို...."
"ငုငယ်လား......ကိုကိုပါ..."
"ဟမ်.....ဖုန်းနံပါတ်က ဘယ်လိုသိ...."
ဖုန်းတစ်ခုလုံးကို ရစရာမရှိအောင် မွှေနှောက်ထားပုံဘဲ.....
ကြည့်ရတာ ငုဝါ၏ privacy data တွေအကုန်လုံးကို သူရထားတာဖြစ်လောက်သည်။"ကိုကို အခု ငုငယ်ကိုလှမ်းမြင်နေရတယ်...."
"ရှင်...."
ကိုယ့်ကိုလှမ်းမြင်နေရသည်ဆိုတော့ ငုဝါဖုန်းကိုင်နေရင်းပင်
ဘေးဘီကိုဝေ့ဝဲကြည့်လိုက်သည်။"တွေ့လား..."
"မတွေ့ပါဘူး... လျှောက်ပြောမနေပါနဲ့ "
"ဟောဗျာ...ကိုကို့ကားတောင် မမှတ်မိဘူးလား...
ငုငယ်ရဲ့တောင်ဘက်တည့်တည့်က ကားရပ်တဲ့နေရာမှာ ကိုကို့ကားရှိတယ်...."သူပြောသလိုလှမ်းကြည့်လိုက်သည့်အခါ တန်းစီပြီး
ရပ်ထားလေသည့်ကားအများစုကို တွေ့ရ၏။ ဟိုတစ်နေ့က အမူမဲ့ အမှတ်မဲ့မို့ သူ့ကားကိုမှတ်မထားမိလိုက်ပေ။"ကားတွေတော့တွေ့တယ်လေ"
"ကိုကိုလာပြီ...."
သူပြောပြီးသည်နှင့်တပြိုင်နက် ဖုန်းချသွားကာ တောင်ဘက်တည့်တည့်မှ အနောက်ဘက်အစွန်းဆုံးတွင် ရပ်ထားသည့်ကားက ရွေ့လာပြီး ငုဝါရှေ့တည့်တည့်သို့ ဆိုက်ရောက်လာသည်။

YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...