~သံယောဇဉ် ~
အပိုင်း(၁၉)
ဆိုင်ရှေ့မှာစက်ဘီးကိုရပ် သော့ခတ်ခဲ့ပြီး တစ်လမ်းလုံးငိုလာ၍
မို့အစ်နေသောမျက်လုံးတွေဖြင့် ဆိုင်ထဲမှ ခပ်သုတ်သုတ်ဖြတ်ကာ အိမ်ထဲသို့ဝင်လာလိုက်သည်။ဆိုင်မှာ လူနည်းနေတာကြောင့် တီပိုးရော
ကားမထွက်ဘဲနားနေရသည့် ဦးငယ်ရောပါ ငုဝါကိုမြင်ကြသည်။"သမီး....ဘာဖြစ်လာတာလည်း...မျက်နှာလည်းနီရဲလို့..."
"ဘာမှမဖြစ်ဘူး တီပိုး....သိပ်နေမကောင်းလို့ပါ...
သမီးနားလိုက်ဦးမယ်...."တီပိုးတို့ကို မျက်နှာလွှဲလို့ရသည့်အထိလွှဲပြီး
မြန်မြန်လျှောက်နေမိသည်။"ကလေး နေမကောင်းဘူးဆို ဦးငယ်
ဆေးခန်းလိုက်ပို့ပေးမယ်လေ....""ရတယ် ဦးငယ်...ခေါင်းကိုက်ပျောက်ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ..."
တီပိုးတို့ကြားအောင် အော်ပြောနေပေမယ့် အသံတွေမှာ ငိုသံကရောယှက်နေလေသည်။
အခန်းတံခါးကို ဂျက်ထိုးလိုက်ပြီး လွယ်အိတ်ကို
ကုတင်ပေါ်ပစ်ချကာ ငုဝါ ကုတင်အောက်မှာ ထိုင်ချလိုက်ပြီး
ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်လျက် ငိုပစ်လိုက်သည်။ရက်စက်လိုက်တာ..... ရက်စက်လိုက်တာ
ကိုကိုရယ်....သံယောဇဉ်ရှိရုံဘဲလို့ ကိုကိုမို့ပြောထွက်ရက်တယ်... ငုဝါကို အစကတည်းက မချစ်ခဲ့ဘူးဆိုလည်း
ဘာလို့ကောင်းပြနေသေးလည်း....ဒီအတိုင်း သာမန်သိကျွမ်းရုံသူငယ်ချင်းတစ်ယောက်လိုဘဲ နေလိုက်ပါတော့လား....ကိုကို ငုဝါကို မချစ်ဘူး .... ကိုကိုချစ်တာ
ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ.... ကိုကိုလည်း အလှအပနဲ့ အလိမ်အညာတွေကိုဘဲ မက်မောတဲ့သူ....ပလီတာမျိုး ချွဲတာမျိုး မကြိုက်တဲ့ကိုကိုက မြတ်နိုးနှင်းဆီလို
မူယာများတဲ့မိန်းမကို ရွေးချယ်သွားတယ်.....အလှတွေအရမ်းပြင်တာမျိုးဆို မကြိုက်တဲ့ကိုကိုက သူ့ကိုယ်သူ အလှပဆုံးဖြစ်အောင် ခြယ်သထားတဲ့ အဲ့ဒီမိန်းမကိုဘဲ ကိုကို ရွေးချယ်တယ်.....
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...