part-23

5.8K 132 0
                                    

~သံယောဇဉ် ~

အပိုင်း(၂၃)

သိပ်ကိုလှလာတယ်တဲ့......တကယ်ဘဲ ကိုကို့မျက်လုံးထဲမှာ
ငါက ပြောင်းလဲသွားတာလား......

ငုဝါ ကျောပေးကာရပ်နေရင်းမှ သူ့ကို လှည့်ကြည့်လိုက်သည်။
ငုဝါကို အပြုံးတွေနှင့် ဆီးကြိုနေလေသည်။


သူ့အပြုံးကို ခံနိုင်စွမ်းမရှိပါ။ ထို့​ကြောင့် သူ့အားကြည့်နေမိသည့် မျက်ဝန်းတွေကို ငုဝါလွှဲပစ်လိုက်သည်။


"မနေ့ကမှ အက်စီးဒန့်ဖြစ်ထားပြီး ဒဏ်ရာတွေက
မသက်သာသေးလို့ အနားယူလိုက်ပါဦးရှင်..."

ငုဝါ လူနာတွေကို ပြောလေ့ရှိသည့် ချိုသာသောအသံဖြင့်
ပြောလိုက်သည်။


"ကိုကို အခုသက်သာနေပြီဘဲဟာ.....
ငုငယ်နဲ့ဘဲစကားပြောချင်တယ်...."


"စိတ်မရှိပါနဲ့ရှင့်...nurseတစ်ယောက်က
patient တစ်ယောက်နဲ့ လိုတာထက်ပိုပြီး ရင်းနှီးစွာဆက်ဆံခွင့်မရှိပါဘူးရှင့်...."



တကယ်က ဒီလိုမျိုးပြောချင်တာမဟုတ်ဘဲ.....အရင်တုန်းက ကိုယ်လုပ်ထားတာကိုယ် မမှတ်မိဘူးလားဟုသာ
အော်မေးချင်နေမိသည်။

သူ့မျက်ခုံးရေးရေးလေးတွေ ခေတ္တတွန့်သွားသည်။



"ကိုကိုနဲ့ ငုငယ်က သူစိမ်းမှမဟုတ်တာ...ဟင်"

သူ ငုဝါအပေါ်ပြောခဲ့တာ ရက်စက်ခဲ့တာတွေကို
တကယ်ဘဲမမှတ်မိတာလား....ဒါမှမဟုတ်
မသိချင်ယောင်ဆောင်နေတာလား.....

တွန်းချလိုက်တဲ့သူက အချိန်ကြာရင်မေ့သွားတတ်ပေမယ့်
တွန်းချခံရလို့ လဲကျပြီး ဒဏ်ရာရခဲ့တဲ့သူကတော့ ဘယ်တော့မှ
မမေ့နိုင်ဘူးလေ...


ငုဝါအချစ်တွေကို လျစ်လျူရှူခဲ့ရုံသာမကဘဲ ရက်ရက်စက်စက်စကားတွေပါ ပြောခဲ့သည့်သူ့ကို ချက်ချင်းခွင့်လွှတ်ပေးဖို့အထိ
ငုဝါမတုံးအသေးပါ။




"ကျွန်မအတွက်တော့ သူစိမ်းပါဘဲ.....နာကျည်းစွာမှတ်မိနေတဲ့ သူစိမ်းပေါ့...."


ငုဝါ သူ့ကို သေချာကြည့်ပြီး အသက်မပါဘဲပြောလိုက်တော့
သူ့မျက်နှာ ချက်ချင်းပင် မှိုင်ကျသွားလေသည်။ အရင်က ကိုကိုရက်စက်ခွင့်ရတဲ့အလှည့်ဆို....အခုက ငုဝါအလှည့်ဘဲ...



~သံယောဇဉ်~Where stories live. Discover now