~သံယောဇဉ်~
အပိုင်း(၁၈)
ဒီနေ့ ကိုကို့ကိုပေးမည်ဆိုသည့် ခွေးရုပ်ကလေးကို
ဆိုင်ရှင်အန်တီကြီး ခရီးကပြန်လာတာနှင့်
ကျန်သည့်ပိုက်ဆံပေးပြီး ယူလာခဲ့လိုက်သည်။ အိမ်ကိုတိုက်ရိုက်ယူသွားလို့မရတာကြောင့် မေသူ့ကိုသာခဏအပ်ထားပြီး မနက်ဖြန်မှသာ ကျောင်းကို ယူလာခိုင်းရမည်။ မဟုတ်လို့ ဒီအရုပ် ကျူရှင်ကအပြန် အိမ်ကိုပါသွားရင် တီပိုးက
ရည်းစားကပေးတာ..ကောင်လေးက ပေးတာမျိုးထင်၍
လွှင့်ပစ်နေမှာကြောက်၍ပင်။ကိုကိုက ဟိုနေ့က ငုငယ်ကိုမတွေ့ရရင် မနေနိုင်တော့ဘူးဆိုသည့်စကားကြောင့် ကိုကို့ကို ဖွင့်ပြောဖို့အထိသတ္တိရှိသွားခဲ့သည်။
အဲ့ဒီနေ့က ကိုကိုက ထိုတစ်ခွန်းတည်းသာပြောပြီး
ဆက်မပြောတော့ပေ။သူ့အတွေးထဲမှာ ငုဝါစိတ်ဆိုးသွားမည်ကိုကြောက်သည်ထင်၏။ဘာဘဲဖြစ်ဖြစ် ငုဝါက ကိုကို့ကို စချစ်ရတဲ့သူဘဲ...ကိုကိုနဲ့ငုဝါကြားမှာ သံယောဇဥ်အတိမ်အနက်က ရှိနေတာကြောင့်
ငုဝါဘက်ကစပြီးဖွင့်ပြောလည်း ကိုကိုငြင်းမှာမဟုတ်မှန်းသိသည်။ကိုကို့၏ဂရုစိုက်သည့်အရိပ်အယောင်တွေ.......ငုဝါကို
ကြည့်သည့်နွေးထွေးသည့်အကြည့်တွေ....တစ်ခါတစ်လေ ကိုကိုပြောတတ်သည့် စကားလေးတွေက...ငုဝါအပေါ်
ကြင်နာစိတ်ရှိမှန်းခံစားမိနေသည်။ကိုကိုက မြတ်နိုးနှင်းဆီလို လှပသည့်မိန်းကလေးကိုတောင် ငြင်းခဲ့တာ...ပြီးတော့အဲ့ဒီနေ့က ကိုကိုဘာပြောချင်နေမှန်း
ငုဝါသတိထားမိသည်။စိတ်ကိုပိုင်းဖြတ်လိုက်ပြီး ပန်းရောင်စာရွက်လေးပေါ်မှာ
မှင်အနက်လေးဖြင့် စရေးလိုက်သည်။ကိုကိုသို့......>>
မိန်းကလေးဘက်ကစပြီး ဝန်မခံသင့်မှန်း ငုဝါသိပေမယ့်
ဒီ့ထက်ပိုပြီး ငုဝါခံစားချက်တွေကို
ထိန်းမထားနိုင်တော့ဘူးထင်တယ်...ကလေးဘဝတုန်းက ကိုကိုသိုးဖြူဆိုတဲ့ ကိုကို့ကိုလေ သံယောဇဉ်သာရှိခဲ့ပြီး...အခု ငုဝါကို ဂရုစိုက်ပေးတဲ့ကိုကို့ကို
ပြန်ဆုံတွေ့ကတည်းက ချစ်နေမိခဲ့တာ....
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...