~သံယောဇဉ် ~
အပိုင်း(၈)
ပြက္ခဒိန်ကိုကြည့်လိုက်မိသည်။ ဧပြီလ၇ရက်နေ့......သင်္ကြန်ရောက်ဖို့၆ရက်သာလိုတော့လေသည်။ ၁၃ရက်နေ့ဖြစ်သည့် သင်္ကြန်အကြိုနေ့ကို မှင်နီလေးနဲ့ဝိုင်းထားလိုက်သည်။
"သမီးရေ.....ပြက္ခဒိန်ကြည့်ပြီး ဘာတွေလုပ်နေတာလည်း "
"အော်....သင်္ကြန်အကြိုနေ့က ဘယ်နေ့လည်းလို့
ကြည့်နေတာတီပိုး.....ဟို....သင်္ကြန်တွင်းကျရင်လေ သမီးဥပုသ်မစောင့်လို့မရဘူးလားဟင် တီပိုး.....""အာ့ဆို အိမ်မှာ သမီးတစ်ယောက်ထဲကျန်ခဲ့မှာပေါ့......
တီပိုးနဲ့ဦးငယ်က ဥပုသ်စောင့်ကြမှာဆိုတော့....နေပါဦး သမီးက ဘာလို့ဥပုသ်မစောင့်ချင်ရတာလဲ.....""ဟို.....ရေပတ်ချင်လို့ပါ.....သမီးနှစ်တိုင်း ဥပုသ်စောင့်နေရတော့ ဒီနှစ်ရေပတ်ချင်လို့...."
"ကဲပါ....အဲ့ဒီကျမှ အဲ့ဒီအလိုက်ထိုက်ပေါ့....အခုတော့ ထမင်းစားကြရအောင်..... လာလာ....."
တီပိုးက နေ့လည်စာစားဖို့ခေါ်တာကြောင့် ပြက္ခဒိန်ကိုလှည့်ကြည့် လှည့်ကြည့်နှင့် မလိုက်ချင်ဘဲ လိုက်သွားရသည်။
"မမ....ငုဝါလေးက မျက်နှာမကောင်းပါလား...."
"သင်္ကြန်ဥပုသ်မစောင့်ချင်ဘူးတဲ့........
ရေဆော့ချင်တယ်ဘဲပြောနေလို့...အဲ့ဒါနောက်မှလို့ဘဲပြောတာကို မျက်နှာလေးက ဆူပုတ်သွားတာ....""ကလေးဘဲဟာ.....ရေကစားချင်မှာပေါ့....ဒီလိုအပျော်က
ဒီအရွယ်မှာဘဲပျော်လို့ရတာ......ကျွန်တော်တို့လိုအသက်ကြီးသွားရင် ပျော်လို့မရတော့ဘူးမမရဲ့......ရေကစားချင်တာ...
ကစားခိုင်းလိုက်ပါ..."ဦးငယ်က စစ်ကူလိုက်ပေးတော့ ငုဝါမျက်နှာလင်းခနဲဖြစ်သွားပြီး အဒေါ်ဖြစ်သူကို တစ်ချက်ကြည့်လိုက်တော့ မျက်နှာထားက တင်းမာနေသေးသည်။
"အော်....ပြောတော့လွယ်လိုက်တာ.....သင်္ကြန်ဆိုတာ
အမူးသမား...အရူးသမားတွေက ပေါလွန်းလို့မှ
လမ်းထိပ်ရေထွက်ဆော့လို့ ဆိုင်ကယ်တွေဘာတွေခိုက်မိမှာတို့...ယောကျာ်းလေးတွေက ဆွဲလားရမ်းလားလုပ်မှာတို့ဆို ဘယ်လိုလုပ်ကြမလည်း..... မဆော့ရပါဘူး..."

YOU ARE READING
~သံယောဇဉ်~
Romantika. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...