~သံယောဇဉ် ~
အပိုင်း(၂၀)
"ဝေးဝေးမနေဘူးဆိုရင်ရော...ငုဝါက ခင်ဗျားအပိုင်လို့ ဘာဖြစ်လို့ပြောရဲတာလည်း...မရှက်ဘူးလား.... "
"ငါ စကားနဲ့ဘဲပြောနေတုန်း...အေးအေးဆေးဆေး
နောက်ဆုတ်လိုက်..."အေးဆေးစွာပြောနေပြီး တလောကလုံးကို ဂရုမစိုက်သည့်ပုံစံဖြင့် ထိုလူ့ကိုကြည့်ပြီး ထက်ပညာစိတ်ထဲ မခံချင်ဖြစ်လာရသည်။
ငုဝါကို သူ့အပိုင်ဟုပြောသည့်စကားကြောင့် ပိုပြီးစိတ်တိုမိ၏။
သူ့ဘေးမှာ မိန်းကလေးတစ်ယောက်က အသင့်ရှိနေပြီး
နောက်မှာလည်း မိန်းကလေးတွေက ထိုနေရာကို ရကြဖို့
တန်းစီပြီး စောင့်နေကြတာကို ဘာလို့ငုဝါလည်း....ဘာလို့ငုဝါကိုမှ သူ့အပိုင်လို့ပြောရတာလည်း.....
သူတို့ရဲ့ခင်မင်မှုက အရင်ကခိုင်မြဲပေမယ့် အခုအချိန်မှာ ငုဝါနဲ့သူနဲ့ မျက်လုံးချင်းတောင် မဆုံကြတော့ဘဲကိုး......"နောက်မဆုတ်တော့ ဘာလုပ်ချင်လဲ.... "
ခွပ်....ခွပ်....
တည်တံ့ ထက်ပညာ အင်္ကျီအဖြူ၏ကော်လံကိုဆွဲပြီး
လက်သီးဖြင့်နှစ်ချက် ဆက်၍ ထိုးလေသည်။ ထက်ပညာက အားကစားမှာထူးချွန်ပေမယ့် ကိုယ်ခံပညာမှာ မကျွမ်းကျင်တော့ တည်တံ့၏ အပေါ်စီးကနေ အနိုင်ယူသမျှကို ခံနေရလေသည်။ထက်ပညာကို စိတ်ကြိုက်အားရအောင်
ထိုးပစ်နေသည့် တည်တံ့ပုံစံက တော်တော့်ကို ကြောက်စရာကောင်းလေသည်။တခြားကျောင်းသားတွေရောက်လာပြီး ဝင်ဆွဲတော့မှ တည်တံ့ သူ့လက်သီးချက်တွေအား ရပ်တန့်လိုက်သည်။ သူက
ဘာမှမဖြစ်ပေမယ့် ထက်ပညာမှာတော့ မျက်လုံးထောင့်နှင့်
နူတ်ခမ်းထောင့်မှာ သွေးစတွေထွက်နေပြီး ဒဏ်ရာတွေက ချက်ချင်းဖူးယောင်ကုန်လေသည်။ဆရာ ၊ဆရာမတွေက စုံညီပွဲကြောင့်အလုပ်ရှုပ်နေကြ၍ သူတို့ပြဿနာကို မသိကြပါ....ထက်ပညာလည်း
ကျောင်းအုပ်ဆီရောက်လျှင် ရန်မီးစက
ပိုပွားသွားမည်စိုးတာကြောင့် ဘယ်သူ့ကိုမှ သွားမတိုင်ဖို့မှာပြီး ခန်းမထဲသို့ ပြန်သွားလိုက်သည်။လူကတော့ ယိုင်တိုင်တိုင်နှင့်ပင်။
သူ့မျက်နှာမှာ ဒဏ်ရာတွေနှင့် အိမ်ပြန်လည်း
အိမ်မှာမိသားစုဝင်ဆိုလို့ သူမွေးထားသည့်ကြောင်
တစ်ကောင်ထဲသာ ရှိတာကြောင့် မေးမည့်သူ စိုးရိမ်ပေးမည့်သူ တစ်ယောက်မှမရှိပေ။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...