"ဖြန်း!!!"ခြောက်ကပ်နေသော နှင်းဆီအိမ်တော်ကြီးအတွင်းမှအားပါပြင်းထန်သော ရိုက်ချက်နဲ့အတူ
"နင်ဘာစောက်သုံးကျလဲ နွယ်!"
ထိုစကားကိုပြောလိုက်သူမှာနွယ့်၏အမေဖြစ်သူ ဒေါ်မူယာပင်သူရှေ့က မှင်သေသေဖြင့် ရိုက်ခံထားရသော ပါးကို ကိုင်ထားရင်း ရပ်နေသော နွယ်
"ဟုတ်ကဲ့ ဒါပေမယ့် ဒါကအမှားကြီးလို့ နွယ်မထင်ဘူး"
"ညည်းငါ့ကိုပြန်မပြောနဲ့ နွယ်မူယာပိုင်"
"အဲ့နမည်ကိုမခေါ်ပါနဲ့ ကျွန်မနမည် နွယ်!"
"ငါ့ကိုပြန်ပြောနေတယ်ပေါ့ အမျိုးယုတ်မ !!"
မိခင်ရဲ့ ပြောစကားကြောင့် နွယ်က မဲ့လိုက်မိသည် ထိုအချိန်တွင် ထမင်းစားခန်းထဲသို့ ဝင်လာသော နွယ့်၏အဖွားဖြစ်သူ ဒေါ်မူပိုင်
"မိမူယာ ဒါညည်းသမီးနော် ညည်းပြောချင်တိုင်းပြော ဆိုချင်တိုင်းဆိုရအောင် ကျွန်မဟုတ်ဘူး"
အမေဖြစ်သူရဲ့ စကားကြောင့် ဒေါ်မူယာက ရှုံ့မဲ့လိုက်ပြီး
"အမေဝင်ပါစရာ မလိုပါဘူး
ဒီကောင်မကို ပြောသင့်တာ ပြောနေတာ"ထိုအခါ နွယ့်ရဲ့အဖွားဖြစ်သည့်ဒေါ်မူပိုင်က
"ပြောသင့်တာပြောရအောင် နွယ်က ဘာမှားနေလို့လဲ"
ထိုအခါ ဒေါ်မူယာက မသိသလိုပြု၍ ဆေးလိပ်တစ်လိပ်အား မီးညှိလိုက်ကာ ရှိုက်ဖွာလိုက်ရင်း နွယ့်ကိုကြည့်ရာ
"ဟိုကောင်မ နင်က အဲ့မှာဘဲရပ်နေတော့မှာလား ကျက်သရေကို ယုတ်တယ် နင့်ကို မြင်နေရတာ မွေးခဲ့တာ အတော်နောင်တရတယ်"
ထိုအခါနွယ်က ကျကွဲနေသော ပန်းကန်ကို ကောက်ယူရန်ပြင်လိုက်ရာ
"အို သမီးနွယ် အဲ့လိုမကောက်နဲ့လေ
တံမြတ်စည်းလေးဘာလေးဖြစ်ဖြစ် လှဲလေ"ဒေါ်မူယာက ကြားဖြတ်၍
"ဘာမှ ယူစရာမလိုဘူး အမေ ဒင်းလုပ်တာ ဒင်းလက်နဲ့ကောက်ပစေ"
ဒေါ်မူယာရဲ့စကားကြောင့် အံကိုတင်းတင်းကြိတ်လိုက်ရင်း နွယ်က
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii