အခန်းထဲတွင် ခရေပွင့်များကို ကြဲဖြန့်ထားရာ တစ်ခန်းလုံးမွေးကြိုင်နေသည် သုတညိုက ကိုယ်တိုင် သီထားဟန်တူသော ခရေကုံးလေးအား လင်းလက်ခခေါင်းပေါ်၌ တင်ပေးလိုက်ရင်း
"ခရေသိပ်ကြိုက်တဲ့ကောင်လေးဟာ ဟော့ဒီက ကိုကို့ရဲ့အပိုင်နော်"
"ကိုကိုဗျာ ကျွန်တော်ကို ရင်ခုန်အောင်သိပ်လုပ်တာဘဲ"
ထိုအခါ ခရေပွင့်လေးတွေကို သုတညိုက လက်ဝါးပေါ်တင်၍
"ခရေလေးတွေက လှတယ်မွှေးတယ် ပြီးတော့ နွမ်းလွယ်ကြွေလွယ်တယ်တဲ့ ကိုကို ရဲ့ အလှေလးကတော့ ဒီခရေလေးတွေလို လှတယ် မွှေးတယ် ပြီးတော့ ကိုကို့အသည်းကို ကြွေစေတယ် သက်လယ်ရယ်"
"အာ ကိုကိုဗျာ့ သိပ်မကြူးပါနဲ့လား ကျွန်တော်အသည်းက နုနုလေးရယ်"
"အပိုတွေမဆို ချစ်အားဘဲ ပိုရပါတယ် ကိုကို့အမျိုးသားလေးရယ်"
"ဒါတွေထားပါအုံးလား ကျွန်တော်တို့ သွားစရာပေါ်နေပြီ"
"ဗျာ..."
"မဗျာ နဲ့ ကိုကို ကျွန်တော််တို့ ကိုမင်းနောင်တို့စီသွားရမှာ သူဖုန်းဆက်ခေါ်တယ်ဗျာ့ သွားကြရအောင်"
"ဟုတ်ပြီ"
လင်းလက်ခတို့ ဆင်းလာသော အခါ မေ့ရဲ့ဘေးမှာ ဦးလွင်ဟန်ရောက်နေပြီ ဖြစ်ရာ ကိုလွင်ဟန်က
"မောင်သုတ ငါတို့ Taxi ငှားသွားကြမလား"
ထိုအခါ သုတညိုက
"ကားတစ်စီးရှိသေးတယ်မလား ဦးလေး"
"အေး ရှိသေးတယ်"
"ဒါဆို ကားထုတ်လိုက်ဗျာ သွားကြရအောင်"
"ကောင်းပြီမောင်သုတ"
သုတညိုတို့ လေးဦးသား အပြေးအလွှားရောက်လာရာ ဦးမင်းသန့်မောင် ပိုင်ဆိုင်သော company သို့ဆိုက်ရောက်ကြရာ မေးစမ်း၍
ဥက္ကဌ ရုံးခန်းသို့ရောက်ရာ အခန်းတွင်း၌ မင်းနောင်နဲ့နွယ်တို့ပါ တစ်စုတစ်ဝေးတည်း တွေ့ရသည် ဦးမင်းသန့်မောင်ရဲ့ ပခုံးတစ်ဖက်က ပက်တီးများကို တွေ့ရသဖြင့် သူတို့လေးဦးသား အံဩနေစဉ်"ရောက်လာကြပြီဘဲ ကဲ အစည်းအဝေးခန်းကို သွားကြရအောင်"
နွယ့်က ပြောပြောဆိုဆို ထိုင်နေရာမှ ထလိုက်ရင်း မေ့အား တစ်ချက်မှ မကြည့်ဘဲ ရှေ့က ထွက်သွားသည် မေအံအားသင့်နေစဉ်
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii