Episode - 4

984 35 0
                                    

ထိုအခါ ဦးမင်းသန့်မောင်က သမီးဖြစ်သူနွယ်အား
ပွေ့ဖက်လိုက်ရင်း နဖူးအားတစ်ချက်နမ်းလိုက်ကာ

"အဖေ့ရဲ့ မေတ္တာငယ်လေး"

နောက်နေ့မနက်တွင် နွယ်နှင့်ဦးမင်းသန့်မောင်တို့
မင်းနောင်အိမ်သို့သွားရောက်ခေါ်ယူရာ မင်းနောင်က အိပ်ချင်မူးတူးလေသံဖြင့်

"ဟာဗျာ ဆရာကလဲ အစောကြီးဘဲဗျာ"

ထိုအခါ  ဦးမင်းသန့်မောင် ကရီမောလိုက်ရင်း

" မစောပါဘူး မင်းနောင်ရယ် ၉နာရီ ထိုးနေပြီကွ
ကဲကဲ မင်းလုပ်စရာ ရှိတာကို လုပ်အုံး "

ထိုအခါ မင်းနောင်လဲ အိပ်ချင်မူးတူးဖြင့်
ရေမိုးချိုးခြင်းတို့ကို ပြုပြီး အဝတ်အစားလဲ ကာ
အခန်းပြင်သို့ ထွက်လာရာ ဦးမင်းသန့်မောင်က

"မင်းမလည်း ကြာလိုက်တာ မောင်မင်းနောင်ရယ်"

"ဟ ဆရာရ ကျွန်တော်လဲ နည်းနည်း ပြင်ဆင်ရအုံးမှာပေါ့ "

ထိုစဉ် ဘေးနားက နွယ့်ကို ကြည့်လိုက်ရာ အနောက်တိုင်းစတိုင် Wolf cutဆံပင် မျက်မှန်အောက်က တောက်ပကြည်လင်လှသော မျက်ဝန်းတစ်စုံ တို့ဖြင့် အသက် 26နှစ်အရွယ် နွယ်မူယာပိုင် မင်းနောင်က သေချာစွာကြည့်နေစဉ်

"အဟမ်း!!"

ဦးမင်းသန့်မောင်ရဲ့ ချောင်းဟန့်‌သံကြောင့်သတိဝင်လာကာ လူမိသွားဟန် ရှက်ကိုးရှက်ကန်း ဖြင့်တစ်စုံတစ်ခု လုပ်မိရာ

"မင်းနောင် သေချာ ဖြီးထားတဲ့မင်းဘိုကေ ကို  ဘာလို့ ပြန်ဖွနေတာလဲ"

ဦးမင်းသန့်မောင် သတိပေးမှ ရှက်ရှက်နဲ့
လုပ်မိသော အရာကို အခုမှ သတိထားမိသဖြင့်

"ဟိုက် သေပြီဆရာ"

"သေပြီ ဆရာလုပ်မနေနဲ့ ကိုယ့်လူ အချိန်က နီးနေပြီ"

ထိုအခါ မင်းနောင်က ရီကျဲကျဲဖြင့်

"ဟုတ် ဟုတ်ကဲ့"

ထိုနောက် မင်းနောင်က ကားမောင်းရင်း သူ့ဘေးမှဦးမင်းသန့်မောင် ကထိုင်ကာ နောက်ခုံ၌ နွယ်ကထိုင်ရင်းတိတ်ဆိတ်စွာ လိုက်လာခဲ့သည်
ကားမောင်းရင်း ကိုမင်းနောင်က ဦးသီဟ အကြောင်းများကိုပြောဆိုသည့်တိုင်အောင် နွယ့်စီက တုံ့ပြန်သံမကြားရချေဤသို့ဖြင့် တစ်ရွေ့ရွေ့ ‌မောင်းလာသော ကားလေးတစ်စင်းက ကျွေးရွာ တစ်ခု အနီးသို့ ရောက်လာခဲ့သည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now