Episode - 47 End

1.4K 24 0
                                    

တစ်လခန့်အကြာ

"မမရေ မပြီးသေးဘူးလား"

"ပြီးပါပြီ မောင်ရဲ့"

မိုးညိုက အခန်းထဲသို့ဝင်လာကာ

"ကဲပါ မောင့်မိန်းမလေးက လှပြီးသားကို ထပ်ပြင်ဆင်နေစရာလိုသေးလို့လား"

"အမယ်လေးမိုးညိုရယ် နင့်သတိုးသမီးက ဒီတိုင်းကြီးထွက်လာရင်လူတွေက ကဲရဲ့ကြမှာပေါ့"

ကိုယ်ဝန်သည်ရတီရဲ့စကားကြောင့်

"အစ်မ နားသင့်တယ်လေ မပေါ့မပါးကြီးနဲ့ကို"

"မိုးညိုရေ မမရတီက လုပ်မယ်ဆို သူကိုင်တိုင်လုပ်ရမှကျေနပ်တာ ခ လုပ်ပေးမယ်ဆိုတာတောင်မရဘူး"

ထိုစဉ်

"မိုးညို ဟျောင့်"

အခန်းထဲသို့ဝင်လာသော သုတညို

"ကိုသုတညိုဘာဖြစ်လို့လဲ"

"နွယ်က မင်းကို ခေါ်ခိုင်းလိုက်တယ်"

"ဟုတ်ကဲ့ ကိုသုတညို"

သူတို့နှစ်ယောက်ထွက်ခွာသွားသည်။

"လေပြေရေ နင့် သတိုးသားကတော့လေ..."

"ဟင် တို့အမျိုးသားက ဘာဖြစ်လဲ ရတီ"

"လောနေလို့"

အောက်ထပ်၌

"နွယ် ငါခေါ်လာပြီ"

ကလေးချီကာ ဧည့်သည်တွေနဲ့စကားပြောနေသောနွယ်က

"မိုးညို ဦးလေးတို့စီသွားပြီ ဧည့်သည်ကြိုလိုက်"

"ဟုတ်ကဲ့မမနွယ်"

မိုးညိုကထွက်သွားသည် ဦးမင်းသန့်မောင်တို့ အနားအရောက်တွင်

"မောင်မိုးညို လာကွယ့်"

ဦးမင်းသန့်လွင်ကအနားကိုခေါ်ကာ

"ဒီမှာလေ ဒါကျုပ်သမက်လေး မိုးညိုတဲ့"

"‌ကောင်လေးက ရီရီမွန်မွန်လေးကို ကိုမင်းသန့်လွင်တော့ သမက်ရကံကောင်းတာဘဲ"

"ဟုတ်ပါ့ရှင် ဒေါ်မိုးသူဇာတို့များကံကောင်းချက်"

ပြောပြောဆိုဆိုဝင်လာသော ယောင်္ကျားနှင့်မိန်းမကို ပြကာ

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now