Episode - 3

1K 45 0
                                    

ဦးမင်းသန့်မောင်လဲ ရှိကြောင်းပြောကာအပေါ်သို့တက်၍ ဒေါ်မူပိုင်နဲ့ နွယ့်အားခေါ်ခဲ့ရာ သူတို့ လေးဦး စုံသည်နဲ့မင်းနောင်က

"ဖြစ်ပုံကတော့ တယ်ဆန်းတာဘဲ ဆရာ"

မင်းနောင်ရဲ့စကားကြောင့် ဦးမင်းသန့်မောင်ကြောင်တောင်တောင်ဖြစ်သွားသည် ထိုနောက့်မှမင်း‌နောင်က ဆက်၍

"ခနက သေနတ်သံကြားမိတယ်မလား "

"အမ်း ကြားလိုက်တယ် မင်းနောင်"

မင်းနောင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း

"အဲ့တာ တစ်ခြားလူမဟုတ်ဘူး ဆရာ့မိန်းမ ဘဲ"

" ဟင် "

" ဗျာ "

ဦးမင်းသန့်မောင်အပါအဝင်ဒေါ်မူပိုင်ပါပြိုင်တူရေရွတ်မိသောအသံများပင် နွယ်တစ်ယောက်သာ တုံလှုပ်ခြင်းကင်းမဲ့နေသည် ထိုနောက့်မှ မင်းနောင် က သူတို့မျက်နာကို ကြည့်ရာ ဆက်၍

"ဖြစ်ပုံကို ဆိုရရင် ဆရာလန့်မသွားဖို့မျှော်လင့်ပါတယ် တကယ်တော့‌ ဆရာ့မိန်းမက မိန်းမကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး"

မင်းနောင်က ဆက်၍ မပြောနိုင်ဘဲခေတ္တရပ်ကာ  ဆေးလိပ်အားထုတ်လိုက်ရင်း အသက်ကြီးရင့်သောလူတစ်ယောက်ပါသောကြောင့်ယဉ်ကျေးစွာဖြင့်

"စိတ်မရှိပါနဲ့အဖွား ကျွန်တော်  cigarettes သောက်ပါရစေဗျာ့"

ဒေါ်မူပိုင်လည်း ခေါင်းအသာညိတ်ပြလိုက်ရာမင်းနောင်က cigarettes ကိုမီးညှိရင်း တစ်ချက်ရှိုက်လိုက်ကာ

"ဆရာ့ မိန်းမက ဒုစရိုက်မှုတွေနဲ့ပတ်သက်နေတာ"

"ဟမ်ဘယ်လို မင်းနောင်"

"ဟုတ်တယ် ဆရာ သူက မူးယစ်ဆေးဝါးအကြီးကျယ်ရောင်းနေတဲ့ ဦးသီဟ ရဲ့မယားငယ် အဖြစ်နဲ့ နေနေတာ"

ဦးမင်းသန့်မောင် မျက်နာက သွေးတို့ မရှိတော့သလိုဖြူ‌သွားသည် ဒေါ်မူပိုင်ကလဲ ပါးစပ်ကို လက်ဝါးဖြင့်အုပ်ကာ ဘုရားတမိသွားသည် ဘာမှ ထူးမခြားနားရှိသူကတော့ နွယ်ပင်

" ဖြစ်ပုံကတော့ အဲ့နေ့က "

"တောက်စ်  မင်းစောက်သုံးမကျလိုက်တာ မူယာ"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now