Episode - 19

239 7 0
                                    

ထိုအဖြစ်အပျက်များကို ပြောပြီး ငိုရှိုက်နေသော မောင်မိုးညိုအား လင်းလက်ခနဲ့ရတီတို့က ချော့မော့နေသည် လူကြီးများကတော့ တစ်ယောက်တစ်မျက်နှာတစ်ယောက်ကြည့်ကာ အကြံတောင်းနေကြသည်

"မနက်ဖြန်ရွေးမယ့် အကြောင်း အကြောင်းကြားပြီ နေရာတောင်းလိုက်ပါ"

ဦးလွင်ဟန်က ထိုသို့ပြောကာ နေရာက ထ၍ သူ့အိမ်လေးသို့ ပြန်သွားသည် နွယ်ကလည်း အနားယူရန်အပေါ်ကို တက်သွားသဖြင့် သုတညိုက

"ကိုမင်းနောင် ခများ မိန်းမကို ဖုန်းဆက်ခိုင်းပြီး နေရာမေးခိုင်းထားလိုက်ပါ ကျွန်တော်တို့ သွားသောက်ကြရော အော်တစ်ခါတည်း ခွင့်တောင်းခဲ့မယ်နော် ခ နဲ့ ရတီ"

သုတညိုရဲ့စကားကြောင့် လင်းလက်ခက

"အများကြီး သောက်မလာနဲ့နော် ကိုကို"

"ဟုတ်ကဲ့ပါဗျာ့"

"ရတီ အကိုခနလိုက်သွားအုံး‌မယ်နော်"

"ဟုတ်ကဲ့အကို ဂရုစိုက်နော် "

‌"ကောင်းပါပြီဗျာ့"

ထိုသို့ပြောကာ သူတို့နှစ်ယောက်ထွက်သွားကြသည်နဲ့ ရတီက ဖုန်းဆက်ကာ  ရွေးမည်ဖြစ်‌ေကြာင်း လာ‌ေရွးရမယ့်နေရာကို ပြောစေလိုကြောင်းပြောရာ ဦးသီဟက

"မင်းတို့ အိမ်ရဲ့ နှစ်မှတ်တိုင် အကျော်က အဆောက်အဦး အပျက်ကြီးကို လာခဲ့"

ထိုသို့ နေရာသိပြီးနောက် ဦးမင်းသန့်မောင်အားပြောပြရာ

"အော် ဟိုအရင်က စည်ကားခဲ့ပြီး သရဲခြောက်လို့ အကုန်ပြောင်းပြေးရတဲ့အိမ်ကြီးဘဲ မင်းတို့နွယ်ကိုတော့ မနက်မှ ပြောတော့နော် ကဲကဲ သိမ်းစရာရှိဝာာသိမ်းပြီး အပေါ်တက် နားကြတော့ အဖေတော့သွားတော့မယ်"

"ကောင်းပါပြီအဖေ"

လင်းလက်ခနဲ့ ရတီတို့ကတော့ စားသောက်ခန်းအား သန့်ရှင်းရေးလုပ်နေကြပြီးနောက် အိမ်ပေါ်သို့တက်သွားကြသည် အခန်းတွင်းက နွယ်ကတော့ မျက်မှန်ကို ချွတ်လိုက်ပီး မျက်ရည်တို့ကို သုတ်ကာ

"ကလေးငယ်ရယ် မ မင်းကို လာကယ်ပါ့မယ် ခနလေးဘဲ သည်းခံပါနော်"

ထိုသို့ရေရွတ်နေရင်း မေမရှိသော အိပ်ယာပေါ်မှာ လူးလွန့်ရင်း ငိုနေမိသည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now