Episode - 37

225 5 0
                                    

"သမီးလေးကိုရအောင်မွေးပါ"

အခန်းတွင်းမှ နွယ်၏အသံပင်

"စိတ်ချပါ မမရယ်"

"စိတ်မချနိုင်ဘူး ငယ် ဦးသီဟတို့ လူစုက ငယ့်ကို ထိခိုက်အောင်လုပ်ကြလိမ့်မယ်"

နွယ့်၏စကားက လွန်စွာမှန်ခဲ့သည်

"ဒိုင်း ဒိုင်း ဒိုင်း"

သေနတ်များထွက်ပေါ်လာရာ အိမ်အောက်သို့ မေရော နွယ်ပါဆင်းလာကြစဉ်

"နွယ်သတိထားး!!!!!!!"

သုတညိုရဲ့ စကားကြောင့်နွယ်က သေချာကြည့်လိုက်ရာသီဟစည်သူ ဓားဖြင့် ပြေးဝင်လာချင်းပင် နွယ်ရှောင်ချိန်မရလိုက်ဘဲ

"အင့်"

ထိုးချက်က နွယ့်ဝမ်းဗိုက်ကို စိုက်သွားရာ နွယ်မြေပေါ်သို့လဲကျသွားစဉ်

"ရှင် ကျွန်မကိုလွတ်စမ်း သီဟစည်သူ !!!"

မေ့ရဲ့အသံကြောင့် နွယ်က ကြည့်လိုက်ရာ သီဟစည်သူက မေ့အား ဆွဲခေါ်နေချင်းပင်

"ညို မေ့ကို ရအောင်ကယ်.."

နွယ့်အသံကြောင့်ပြေးသွားသော သုတညိုအား မင်းထိုက်တန်က သေနတ်ဖြင့်ပစ်လိုက်ရာ မြေပေါ်သို့လဲကျသွားစဉ် ဦးသီဟတို့လူစုက မေ့အား ရအောင်ဆွဲခေါ်သ‌ွားကြပြီဖြစ်သည် ထိုအဖြစ်ကို မြင်နေရသော ရတီနဲ့လင်းလက်ခတို့က ပြေးထွက်လာကာ

"ကိုကို!!!!!"

လင်းလက်ခအသံနဲ့အတူ

"အကို ရော အကို"

ရတီက သွေးရူးသွေးတန်းလိုက်ရှာရာ ဧည့်ခန်းတွင်း၌ လဲကျနေသော မင်းနောင်ကိုတွေ့လိုက်သဖြင့်

"အကို အကို!!"

ရတီ့အသံကြောင့် ခေါင်းထောင်လာကာ

"ရတီ မင်းဘာဖြစ်သွားသေးလဲ"

"ရတီဘာမမဖြစ်ဘူး အကို မေ့ကိုခေါ်သွားကြပြီ သုတညိုလည်းသေနတ်ထိထားတယ်"

ထိုအခါ မင်းနောင်က

"နွယ်ကရော ရတီ"

ရတီက သက်ပြင်းချလိုက်ကာ

"နွယ့်ကို ဓားနဲ့ထိုးသွားတယ် အကို"

"ဘာ!!!"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now