Episode - 43

235 8 0
                                    

"အဖေ မမ‌ရော"

အခန်းတွင်း၌ ကလေးကို ချော့သိပ်ပြီးနောက် အပြင်ကိုထွက်သော မေက ဦးမင်းသန့်မောင်အားမေးလိုက်သောအခါ

"သမီး မမ ခြံထဲမှာရှိတယ်*

ဖြေသံကြောင့်မေခြံထဲသို့ဆင်းလာရာ ခြံအတွင်းမှောင်မိုက်နေသောလည်း ညမီးရောင်များကြေုင့်တစ်မျိုးတစ်ဖုံလှပနေသည် ခုံတန်းလျှားပေါ်၌ ကျောခိုင်းထိုင်နေသော အမျိုးသမီးတစ်ဦးရှိချေသည်။

"မမ"

"ရှင်"

"မမ ခြံထဲမှာဆိုလို့ငယ်လိုက်လာခဲ့တာ"

"ဟုတ်တယ် ကိုယ်စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့"

မေက ‌နွယ့်ဘေးက‌နေရာမှာဝင်ထိုင်လိုက်ကာ

"ဘာတွေများဖြစ်နေတာလဲဟင် မမ"

‌နွယ်က မေ့လက်လေးအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ

"ကိုယ့်ရဲ့အချိန်အများစုကို ဦးသီဟတို့စီမှာဘဲကုန်ဆုံးခဲ့ရတယ် ဒါပေမယ့် ကိုယ်ငယ့်အတွက် အချိန်မပေးနိုင်ခဲ့ဘူးလေ..."

မေက ပြုံးလိုက်ကာ နွယ့်လေးအားပြန်ကိုင်လိုက်ကာ

"ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် ငယ့်အပေါ်အများကြီးကောင်းပေးခဲ့ပါတယ် မမကငယ့်ရဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ"

နွယ်ကမေ့အားဖွဖွလေးနမ်းလိုက်ရင်း

"ငယ် ဟိုမှာတွေ့လားကြယ်လေးတွေ"

"ဟုတ်တွေ့တယ်လေမမ"

"ကောင်းကင်ပေါ်က ကြယ်လေးတွေကလှလွန်းလို့အမြဲတန်းငေးကြည့်ချင်ကြတယ် ကိုယ့်အတွက်
ငယ့်ရဲ့အလှက ကြယ်လေးတွေလို လှလွန်းလို့ အကြည့်တောင် မခွာချင်တော့ဘူး"

"ဟာမမနော် ကလေးအမေကို အဲ့လိုစကားအချိုတွေကျွေးစရာမလိုတော့ပါဘူး"

"ကလေးအမေ ဟုတ်ဟုတ်မဟုတ်ဟုတ် စကားအချိုလေးတွေပြောနေမှာဘဲ"

ထိုစဉ်

"ဟေး ဟို ညှားခါစလင်မယား နင်တို့သမီးငိုနေတယ် လာချော့အုံး"

"ကလေးငိုနေတယ်တဲ့မမ ငယ်သွားလိုက်အုံးမယ်နော် အော်ဒါနဲ့မမလည်း ခနနေဝင်လာခဲ့တော့ အပြင်မှာအေးတယ်"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now