Episode - 15

320 9 0
                                    

လူကြီးများကတော့ သူတို့အတွဲကိုကြည့်ကာ ပြုံးနေကြသည် ထိုစဉ်

"ဟိဟိ"

လင်းလက်ခရဲ့ရီသံကြောင့်

"ခ ဘာဖြစ်လို့လဲ"

နွယ်က လင်းလက်ခအားမေးလိုက်ရာ

"မမနွယ်တို့အတွဲက ချစ်စရာလေးလို့ ထင်မိလို့ပါ"

"ဒါကို တို့လဲ ထောက်ခံတယ်ဟေ့"

လင်းလက်ခရဲ့စကားကိုရတီက အားရပါးရထောက်ခံသောအခါ သူတို့ ရီမောလိုက်ကြသည် သုတညို နဲ့ မင်းနောင်တို့ကတော့ ရီကျဲကျဲဖြင့်

"ဟေ့ကိုမင်းနောင်ရေ"

"ဗျို့ကိုသုတညိုရေ"

"ချစ်စရာအတွဲလေးစီက ရစရာ ရှိသေးတယ်နော်"

"ဟုတ်ပါရဲ့လေ"

ထိုအခါ ‌နွယ်က မျက်မှောင်ကျုံ့ကာ သူတို့နှစ်ယောက်အား စိုက်ကြည့်လိုက်ရင်း

"ဘာများ နွယ်ကပေးရမှာလဲ ကိုမင်းနောင် နဲ့ ညို ရဲ့"

"နွယ်ပေးမှာမဟုတ်ဘူး မေ ပေးရမှာ"

"မေက ဘာပေးရမှာလဲ အကိုတို့ရ"

"တူလေးသို့မဟုတ်တူမလေးပေါ့"

မေက မျက်နာကြီး ရဲလာပြီး

"ဟာအကုိတို့ကလဲ"

လင်းလက်ခနဲ့ရတီတို့ကလည်း

"ဟုတ်တယ် ဟုတ်တယ်"

"အဖေလည်း မြေးလေးလိုချင်နေပြီနော်"

ဦးမင်းသန့်မောင်က ပြုံးပြုံးရွင်ရွင်ပြောလိုက်သောအခါ မေရှက်စိတ်က ပိုမိုသွားသဖြင့် နွယ်ရင်ခွင်ထဲသို့ဝင်ပုန်းသည် ထိုအခါနွယ်ကအလိုက်သင့်ပြန်ဖက်ထားသဖြင့် သူတို့နှစ်တွဲ လက်ခုပ်တီးကာ

"‌‌ေမ ရှက်သွားဟေ့"

"မေရှက်ပြီး မမနွယ်ရင်ခွင်ထဲ ဝင်ပြေးသွားပြီ"

ထိုသို့ဝိုင်းစနေကြသဖြင့် နွယ်ကပင် ကြားထဲက

"အကိုတို့ အမတို့ရေ နွယ့်မိန်းမရှက်သွားပြီဗျာ့ တော်ကြပါတော့"

ထိုအခါမှ သူတို့လည်း စနေတာကို ရပ်လိုက်ကြသည် ထိုနေ့အဖို့ ပျော်စရာ ကောင်းသော နှင်းဆီအိမ်တော် မိသားစုဝင်များ အောင်ပွဲခံသော နေ့ဖြစ်ခဲ့သည်ရုံးဆင်းချိန်၌

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now