ထိုစကားကြောင့် နွယ်က မထိတထိပြုံးလိုက်၍
"ဒီမယ် အန်ကယ် ကျွန်မကရှင်တို့ထင်သလိုတုံးအနေတဲ့ မိန်းမမျိုး မဟုတ်ဘူး ကျွန်မနမည် နွယ်မူယာပိုင်!!"
"အော် မင်းက နွယ်မူယာပိုင်ဆိုတာလား မင်းဟာမင်းဘာဘဲ ဖြစ်ဖြစ် ဒီ Company ကို ဦးဆောင်နိုင်မယ် ထင်သလား"
"ဟုတ်ကဲ့ ထင်ပါတယ် ကျွန်မဟာအမျိုးသမီးတစ်ယောက်မို့ ရှင်အထင်သေးတာကို ကျွန်မသိပါတယ် ဒါပေမယ့် တစ်ခုတော့ ပြောပြလိုက်ပါ့မယ် ကျွန်မလုပ်လို့ မအောင်မြင်နိုင်ဘူး ထင်လဲ ရှင်တို့ အခုထဲက လက်တွဲဖြုတ်နိုင်ပါတယ်"
ထိုစကားကြောင့် ထပြောသောရှယ်ယာရှင်ကြောင်သွားသည်
"ဟုတ်ကဲ့ ကောင်းကောင်းမွန်မွန် မိတ်ဆက်ပါရစေအုံး ကျွန်မက ဒီ Company ရဲ့ ဥက္ကဌ အသစ် နွယ်မူယာပိုင်ပါ"
ထိုအခါနောက်တစ်ယောက်ထလာပြန်၍
"ဦးမင်းသန့်မောင်နဲ့ ဘာများတော်စပ်လို့ မင်းက ဒီနေရာကို ရလာသလဲ"
"ရှင့်အတွေးတွေက ဘယ်လိုသက်ရောက်လဲ မသိပေမယ့် ကျွန်မ ပြောပါမယ် ကျွန်မက ဦးမင်းသန့်မောင် ဒေါ်မူယာတို့ရဲ့ သမီးပါ"
"အော် ခက်တော့တာဘဲ ကိုမင်းသန့်မောင်ရဲ့ သမီးရှိတာ အစောထဲက မပြောဘူးကျွန်တော်က မသိပါဘူး"
ပထမဆုံးစပြောသော လူကပြောတော့နွယ်က
"ဒီမှာ အန်ကယ် လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးမစော်ကားသင့်ဘူးဆိုတာ လူကြီးတွေ အန်ကယ့်ကို မသင်ပြပေးဘူးလား"
ထိုအခါ ထိုလူကြီးလည်း မျက်နာကြီးမည်းကာနေရခက်နေသည် ထို့နောက်မှ
"ကျုပ်ပြောတာ မှားလို့လား မင်းဘာလုပ်နိုင်မယ် မင်းထင်လို့လဲ"
"ကျွန်မဘာလုပ်နိုင်တယ် မလုပ်နိုင်ဘူး ထိုင်စဉ်းစားနေမယ့်အစား ကျွန်မအရည်အချင်းကိုသာ စောင့်ကြည့်ပါ"
နွယ့်စကားကြောင့် ထိုလူကြီး ဒေါသထွက်လာကာ
"မင်းဘယ်လိုစကားကိုပြောလိုက်တာလဲ နွယ်မူယာပိုင်"
"ဟုတ်ကဲ့ ကျွန်မပြောတဲ့ စကားကိုလူကြီးလူကောင်းမှန်ရင်တော့ နားလည်ပါလိမ့်မယ်"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii