ထိုသို့ရှိနေစဉ်
"ဒိုင်း!!!"
ရုတ်တရက်သေနတ်သံကြားလိုက်ရတော့ လူတွေအကုန်ကြောက်လန့်ကုန်သည် အိမ်ပေါ်က ဦးမင်းသန့်မောင်နဲ့ဦးမင်းသန့်လွင်တို့လဲ ပြတင်းပေါက်သို့ အလျှင်အမြန်ကြည့်လိုက်မိရာ စိုးရခေါင်းဆောင်သော ဦးသီဟရဲ့လူစု
"ကျစ် ဒီခွေးမသားတွေထပ်လာပြန်ပြီ"
"ဘာတွေလဲ မင်းသန့်မောင်"
"ဒီလိုကိုကြီး ကိုကြီးဦးသီဟကိုသိလား"
"အေး သိတယ်လေ ဘာလို့လဲ"
"အဲ့တာ ဒီအိမ်တော်ကို အပိုင်သိမ်းဖို့ အမြဲကြံစည်နေတာ အခုလည်း ဦးသီဟနဲ့သူ့သားကိုနွယ်ကထောင်ထဲထည့်လိုက်တာကို သူ့လူတွေက မကျေနပ်ဘူးထင်တယ်"
"ရဲခေါ်လိုက်ရမလား"
ဦးမင်းသန့်မောင်က ခေါင်းကိုခါယမ်းလိုက်ရင်း
"ကိုကြီးတူမရဲ့လက်စကို ကြည့်လိုက်ပါအုံး"
"ကျစ်!!!"
နွယ်စိတ်ရှုပ်စွာ ထိုလူစုကို ကြည့်လိုက်ကာ စိုးရက သေနတ်ဖြင့် တည့်မတ်စွာချိန်ထားရင်း
"ဘယ်လိုလဲ နွယ်မူယာပိုင် မင်းက ငါ့ဆရာနဲ့အကိုကြီးကို ထောင်ထဲထည့်ထားပြီး ပျော်နေတယ်ပေါ့"
"အဲ့တော့ ဘာဖြစ်ချင်လဲ မင်းက"
စိုးရက ဟားတိုက်ရီမောလိုက်ရာ ခနအကြာမှ
"ငါမင်းကို သတ်ပစ်မယ် နွယ်မူယာပိုင်"
"အဟက်!!"
နွယ်က မျက်မှန်ကို ပင့်တင်လိုက်ကာ ရီမောလိုက်ရင်းခါးကြားထဲက သေနတ်ကို ဆွဲထုတ်လိုက်သည်
"မင်းလုပ်နိုင်မယ်ထင်ရင်လုပ်လိုက်လေ နွယ်မူယာပိုင်ဆိုတဲ့ငါကလည်း မင်းတို့ထင်သလောက် မလွယ်ဘူးနော်"
"ဟျောင့်တွေ အဲ့မိန်းမကို သတ်စမ်းးးး"
စိုးရရဲ့အမိန့်ပေးသံအဆုံး ထိုလူစုကနွယ့်စီပြေးဝင်လာသည်ကိုမြင်နေရသော မင်းနောင်နဲ့သုတညိုတို့က
"ဒီကောင်တွေကို ဒီနေ့ အမြစ်ဖြုတ်ကြတာပေါ့"
နှစ်ယောက်သား နီးရာတုတ်များကိုဆွဲယူကာ တိုက်ပွဲတွင်းသို့ ပြေးဝင်သွားသည် ထိုလူစုသည်လဲ နွယ့်အား မဲ၍ရိုက်နေကြသဖြင့် ဘေးက ဝင်လာသော သုတညိုတို့ကို မမြင်ဘဲ အငိုက်မိသွားကြသည် လူများလဲကျနေစဉ် နွယ်က နောက်ဆုံး၌ရပ်နေသော စိုးရဆီသို့ပြေးဝင်သွားသည် စိုးရခုခံချိန်မရဘဲ နွယ်ရဲ့ လက်သီးကို အရင်ခံလိုက်ရသဖြင့်မြေပြင်ပေါ်သို့ပစ်လှဲသွားသည် ထိုအခါနွယ်က စိုးရ လည်မြိုကို နင်းထား၍
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii