နွယ်က မေ့လက်ကို အတင်းဆွဲကာ ကားပေါ်တင်ရ၍ မောင်းထွက်လာသည် လမ်း၌ နွယ် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသဖြင့် မေနဲ့လင်းလက်ခ ထိတ်လန့်နေသည် အိမ်သို့ ရောက်သော နွယ်က ကားပေါ်က ဆင်း၍ ဧည့်ခန်းတွင်း၌ ဝင်ထိုင်သည် သူ့နောက်မှ မေနဲ့လင်းလက်ခတို့လဲ ကုတ်ချောင်းချောင်း ဝင်ထိုင်တော့ နွယ်က စကားစသည်
"အဲ့ကောင်က ဘယ်သူလဲ"
နွယ့်လေသံက ဒေါသသံနည်းနည်းပါနေသေးတော့ မေက တုန်တုန်ရီရီဖြင့်
"သူ့နမည်ကစိုးလွင်ပါ ငယ်နဲ့တစ်ကျောင်းတစ်တန်းထဲတက်ခဲ့တော့ လိုက်ပိုးပန်းနေတာ"
နွယ်က ဆေးလိပ်တစ်လိပ်ကို မီးညှိ့လိုက်ပြီး ရှိုက်ဖွာလိုက်ကာ မေ့အား စိုက်ကြည့်နေသဖြင့်
"ငယ်.. သူ့ကို မကြိုက်ခဲ့ဘူး အမြဲငြင်းနေခဲ့တာ"
စိုက်ကြည့်နေသော နွယ်က မျက်နှာလွဲလိုက်ကာ
"အဲ့ကောင်ကို လူ့ပြည်မှာမြင်ချင်သေးလား''
"ရှင်!!"
ထိုစကားကြောင့် မေရောလင်းလက်ခပါ လန့်သွားသည်
"အဲ့လောက်ထိ လဲ မလိုပါဘူး"
"မေကဗျာငယ် မင်းကို ငါက ငါကလွဲရင် ဘယ်သူမှ ထိတာကိုင်တာကြိုက်တဲ့ကောင်မဟုတ်ဘူး ပြီးတော့ အကြည့်လေးနဲ့ မင်းကို ထိခိုက်စေရင် အဲ့လူရဲ့မျက်လုံးကို ဖောက်ထုတ်ပစ်ဖို့ ဝင်မလေးဘူး"
:တကယ့် Black Flag ဘဲ
လင်းလက်ခက တွေးလိုက်သည် ဘေးက မေ့ကိုကြည့်တော့ ကြောက်နေတာ ထင်ရှားနေသဖြင့်
"စိတ်လျော့ပါ မမနွယ်ရယ် မေလဲ ဘာမမဖြစ်ဘူးမလား အဲ့ကောင်လဲ နောက်တစ်ခါ မလုပ်ရဲလောက်တော့ဘူး"
"အေး ကောင်းတယ် နောက်တစ်ခါဆိုရင်လဲ ငရဲပြည်မှာ အခန်းယူထားလို့"
နွယ်က ပြောပြောဆိုဆို ထထွက်သွားသည်
"မေ လိုက်သွားလိုက်"
"ဟုတ်..ဟုတ်ကဲ့"
မေက အခန်းထဲ ရောက်တော့ နွယ်က ခုံပေါ်၌ ဆေးလိပ်သောက်တုန်းပင်ဖြစ်ရာမေက ကုတင်ပေါ်ထိုင်မယ်အလုပ်
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romansa"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii