"ဟုတ်ကဲ့ကိုကြီး ဒါဖြင့်ကျွန်တော်တို့ သွားပါအုံးမယ်"
ဦးမင်းသန့်မောင်တို့တွေထထွက်သွားသောလည်း နွယ်ကလိုက်မသွားဘဲမေအိပ်နေသော ကုတင်ဘေးမှာလဲရင်း မေ့အားတစ်စိမ့်စိမ့်ကြည့်နေသဖြင့်
"နွယ် အဲ့တစ်ယောက်ကို သိပ်ဂရုစိုက်တာဘဲလား"
ဦးမင်းသန့်လွင်ကမေးရာ
"ဟုတ်ကဲ့ နွယ့်ဘဝမှာ ငယ့်လောက်ချစ်ရမယ့်လူမရှိဝောာ့ဘူးထင်တယ် ဦးလေး"
"ဒါဖြင့် မင်္ဂလာဆောင်ပြီး အတိအလင်းယူလိုက်ပါတော့လား"
နွယ်ရုတ်တရက်ငိုင်သွားပြီးတစ်အောင့်အကြာမှ
"ဒီလိုပြဿနာတွေကြောင့် ဒါကို မေ့လျော့နေခဲ့မိတယ် ဦးလေးရယ် ငယ်ဘယ်လိုများ ခံစားနေရမလဲ"
နွယ်ငိုင်သွားသောအခါ ဦးမင်းသန့်လွင်က နွယ့်အနားမှာဝင်ထိုင်ကာ ပခုံးကို ကိုင်လိုက်ရင်း
"သူလည်း နားလည်မှာပါ နွယ် ပြီးဝောာ့မင်း ဒီရက်ပိုင်း ကိုယ်ခံအားတွေကျနေတယ်လို့ မင်းအဖေက ဦးလေးကိုပြောတယ်"
နွယ်က သက်ပြင်းချလိုက်ရင်း
"ငယ်မရှိတဲ့နေ့တွေဟာ နွယ့်အတွက်တော့ ငရဲလိုဘဲ ဦးလေးရယ်"
"မမ"
ဦးမင်းသန့်လွင်တို့ စကားပြောနေစဉ် မေက နိုးလာခြင်းပင်
"ဟင် ငယ် ဘာဖြစ်လို့လဲ မမရှိတယ်နော်"
"ငယ် အကုန်ကြားပါတယ် မမ"
"ဟင်"
"မအံဩပါနဲ့ မမရယ် ခိုးနားထောင်တယ် ဆိုရမလား ဒါပေမယ့်"
"ဒါပေမယ့် ဘာများဖြစ်သလဲ ငယ်"
"ငယ်ဆေးရုံက ဆင်းရင် လက်ထပ်ရအောင်"
"ရှင်!!!!"
နွယ်ကမေ့အားကြည့်လိုက်ရာ မေက ပြုံးလိုက်ပြီး
"မမ အဲ့လိုပုံလေးက ငယ့်အတွက်အတော်ကြည့်ကောင်းတယ်"
"ဟုတ်ရဲ့လားကွယ်"
"ဟုတ်တာပေါ့ ငယ့်အတွက်မမကသူရဲကောင်းကြီးပါဘဲ"
နွယ်က မေ့မျက်နာလေးကိုယုယုယယကိုင်လိုက်ကာ
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii