ထမင်းစားခန်းထဲသို့ ဝင်လာသော သီဟစည်သူပင်
"အေး မင်းလည်း တစ်နေတစ်နေ့ အိပ်ကောင်းလိုက်စားကောင်းလိုက်နဲ့စောက်ရေးမပါတာတွေကြီးလုပ်နေတော့တာဘဲ"
ထိုအခါ သီဟစည်သူက
"Daddy ရယ် မနက်စောစောစီးစီး မပွားစမ်းပါနဲ့ဗျာ
ဘာလုပ်ပေးရမလဲပြော""မင်းလည်း ငါ့သားလို့မပြောရဘူး ဘယ်ဆိုးလို့လဲ"
"Daddy သားမို့လည်း အလေလိုက်ချင်တိုင်းလိုက်နိုင်တာပေါ့"
ခနှဲ့လိုက်သော သားဖြစ်သူရဲ့စကားကြောင့် ဦးသီဟက ရီမောလိုက်ရင်း
"ခွေးကောင် မင်းကတော့လေ ဒီလိုကွ ငါတို့ ဒီနေ့ နှင်းဆီအိမ်တော်ကို သွားကြမလို့ မင်းပါလိုက်ခဲ့ရမယ်"
"ကျွန်တော်က ဘာလုပ်ရမှာလဲ Daddy"
သီဟစည်သူရဲ့ အမေးကြောင့် ဦးသီဟကဆေးလိပ်တိုအား ဆေးလိပ်ပြာခွက်အတွင်း ထိုးလိုက်ရင်း
"ဘာရယ် မဟုတ်ပါဘူး ဒီအိမ်တော်ကို မင်းကို ပြရုံဘဲ"
"ကောင်းပြီလေ Daddy ကျွန်တော် အဝတ်အစားလဲမို့ ခနတော့စောင့်ပေး"
"ဟုတ်ပြီ"
ဦးသီဟရဲ့စကားအဆုံး သီဟစည်သူက ထထွက်သွားသည် ဦးသီဟကတော့ တစ်စုံတစ်ခုကို စဉ်းစားရင်း ကျန်နေရစ်ခဲ့သည်
တစ်ဖက်၌ နွယ်တို့လည်း ဒီနေ့အလုပ်နားနေကြသဖြင့်အိမ်၌ လူစုံနေရာ သုတညိုလည်းရှိနေသည် ဆေးရုံသို့ ပို့ဆောင်သောလည်း စိတ်ပူစရာမရှိ အိမ်၌သာ ပြုစုလို့ရကြောင်းပြောကြားလိုက်သဖြင့် အိမ်သို့ခေါ်လာခြင်း
"ငယ် ဒါလေးက ငယ်ကြိုက်တဲ့ ကြက်သားလေး"
နွယ်က ပြောပြောဆိုဆို ကြက်သားတစ်တုံးကို မေ့ပန်းကန်ထဲထည့်ပေးသည် ထိုနောက့် အသားများပါနွာေပးေနသဖြင့်
"မမရယ် ငယ်က ကလေးမဟုတ်ပါဘူးဗျာ"
"ဘာဘဲဖြစ်ဖြစ်လေ ငယ် အရိုးဆူးမှာဆိုးလို့"
"သမီးရယ်ကြက်သားကိုဝောာ့ အရိုးဆူးမယ်မထင်ပါဘူး"
ထမင်းစားနေသောဦးမင်းသန့်မောင်ရဲ့အပြောကြောင့်နွယ်တို့အပါအဝင် ကျန်လူများပါ ဝါးကနဲ ရီမောမိလိုက်ကြသည်နွယ်က ရီမောရင်း
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii