Episode - 36

223 6 0
                                    

ဦးသီဟ နွယ့်စကားကြောင့်မှင်သက်သွားမိသည် သူ့၏ခါးကြားထဲမှ ဓားကို နွယ်ဘယ်လိုများသိသွားပါလိမ့်ဆိုပြီး

"နွယ် မင်း က မကောင်းဆိုးဝါးလား"

နွယ်က ပြုံးလိုက်ပြီး

"ဟုတ်တယ် ကျွန်မက မကောင်းဆိုးဝါး ရှင့်တို့လို လူမျိုးတွေအတွက် မကောင်းဆိုးဝါးဘဲ"

နွယ်က နောက်ကို တစ်ချက်လှည့်ကြည့်လိုက်ရင်း

"အော် ရှင်တို့က ဒီလိုကို!"

ထိုသို့ပြောဆိုကာ ‌ခုံ၌ ပြန်ထိုင်လိုက်ပြီး

"နောက်ကျောကို ဓားနဲ့ထောက်ထားတာဘဲ ယောင်္ကျားကြီးတွေတန်မဲ့"

"မင်းကို နိုင်ဖို့ကို ဘာမဆိုလုပ်မှာဘဲ နွယ်မူယာပိုင်"

ထိုအခါနွယ်က ဝိုင်တစ်ခွက်ကို တစ်ဝက်လောက်ငဲ့ကာ ခွက်ကိုလှည့်လိုက်ရင်း

"ကျွန်မ ကို ရှင်တို့နိုင်ဖို့ကြိုးစားမယ်ဆို ရှင်တို့ပင်ပန်းမှာပေါ့ ရှင်တို့လူကို ရှင်တို့လှမ်းကြည့်လိုက်ပါအုံး"

ဦးသီဟက လှမ်းကြည့်လိုက်ရာ sniper သမားကိုဖမ်းချုပ်ထားသောသုတညိုကိုတွေ့လိုက်သဖြင့် မျက်နာပျက်သွားသော ဦးသီဟကိုကြည့်ကာ ထလာ‌၍ အနားကို  လျှောက်သွားရင်း

"ဒီမယ် ဦးသီဟ နွယ်မူယာပိုင်ဆိုတဲ့ မိန်းမကို ရှင်တို့ လွယ်လွယ်နဲ့အနိုင်ယူလို့မရသလို ဒီ Company ကိုလွယ်လွယ်ရမယ်မထင်နဲ့"

ထိုချိန်သီဟစည်သူက သေနတ်ကို စမ်းမိသဖြင့် ကောက်ကိုင်ကာ ထလာစဉ် နောက်ကရောက်လာသော မင်းနောင်က လက်ဝါးဖြင့် ဇာတ်ပိုးကို ရိုက်ချလိုက်သဖြင့် သေနတ်လွှတ်ကျကာ သတိလစ်သွားသည်

"တွေ့လား ရှင့်သားကို ကျွန်မကို နောက်ကျောက ပစ်ဖို့ကြံစည်နေတာ ဒါပေမယ့်ဦးသီဟ ရှင်က ကျွန်မဦးလေးကို သတ်လို့ ကျွန်မပြိုလဲသွားမယ်ဆိုပြီးအပိုင်တွေးလိုက်တာဘဲဦးသီဟ ကျွန်မအပေါ် ရှင် အကြွေးတော်တော်တင်သွားပြီနော်"

နွယ့်စကားကြောင့် သွေးပျက်နေသော ဦးသီဟ

"ဘာ...ဘာအကြွေးလဲ!"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now