နွယ်တို့ရဲ့ကားလေးဟာဦးလွင်ဟန်တို့ အိမ်စီသို့
အပြေးလေးမောင်းနှင်ခဲ့သည်ဦးလွင်ဟန်တို့ အိမ်ကို ဆိုက်ရောက်သောအခါ ဦးလွင်ဟန်က အိမ်ပြင်မှာထွက်၍ အဆင်သင့်စောင့်နေသည် နွယ်တို့ ကားပေါ်က ဆင်းရာ မေက ဦးလွင်ဟန်ကို တွေ့သွားဖြင့်"ဘဘ ကျန်းမာရဲ့နော် ကျောင်းတောင်မရောက်ဘူး ဘဘနှယ့်"
မေက ဦးလွင်ဟန်အားအပြစ်တင်သည်ထိုအခါ
"မဟုတ်ရပါဘူးဗျာ ဘဘလည်းအလုပ်များနေလို့ပါ"
"ဘဘတို့များ အဲ့လိုကြီးဘဲ"
မေ့စကားကြောင့် ဦးလွင်ဟန်လဲ ရီမောနေရင်းဦးမင်းသန့်မောင်တို့ သုံးယောက်အားလှမ်းကြည့်လိုက်ကာ ဦးမင်းသန့်မောင်အား
"ကဲ မင်းသန့် ငါတို့ သွားကြတော့မလား"
ထိုအခါ ဦးမင်းသန့်မောင်က ခေါင်းညိတ်ပြလိုက်ရင်း
"ဟုတ်ကဲ့ သွားဖို့ သင့်တယ် ထင်တယ် အကိုလွင်ဟန်ရေအမေက အိမ်မှာတစ်ယောက်ထဲ စိတ်ပူရတယ်"
"ကောင်းပြီလေ ဒါဆို ငါတို့ သွားကြတာပေါ့ သမီးမေ မမနွယ်စီသွားနော် ဘဘတို့ သွားကြမယ်"
မေက သူမမျက်ဝန်းမှ မျက်ရည်တို့ကို သုတ်ရင်း
ခေါင်းညိတ်ပြသည် ထိုအခါ ဦးလွင်ဟန်က ပြုံးလိုက်ရင်း မေရဲ့ခေါင်းအားပွတ်သက်ကာ ကားပေါ်သို့ တက်သွားသည်မေလည်း ဦးလွင်ဟန်နောက်မှ လိုက်သွားသည်သူတို့ ၅ဦးသား ကျေးရွာလေးက ထွက်ခဲ့ကြရင်း
မန္တလေးသို့ အပြေးလေးနှင်ခဲ့သည် လမ်း၌ မေက
ရှုခင်းများကို အံအားသင့်စွာကြည့်နေရာ ဘေးခုံမှနွယ်က"ကလေးမ မင်းမအိပ်ဘူးလား"
"ဟင့်အင်း ရပါတယ်မေအဲ့လိုမျိုး မအိပ်တတ်လို့"
ထိုအခါနွယ်က
"ကို့ေပါင်ပေါ်မှာ အိပ်မလား ကလေးမ"
"အို အရှေ့မှာ လူကြီးတွေနဲ့ မေရှက်ပါတယ် "
ထိုအမျိုးသမီးရဲ့စကားကြောင့် နွယ် ရီမောလိုက်ရင်း
"တကယ့် ကလေးမဘဲ"
"ကျွန်မကို မေလို့ခေါ်နိုင်ပါတယ်"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii