Episode - 7

615 16 0
                                    

နောက်တစ်နေ့

ဦးမင်းသန့်မောင်က ထမင်းစားရန် မေ့အားတက်ခေါ်ရာ နွယ်အနခ်းထဲကထွက်လာသည်နဲ့ ကြုံသဖြင့်

"အဖေ စောစောစီးစီး အပေါ်ဘာလို့တက်တာတုန်း"

"သမီးမေကို နိုးမလို့တက်လာတာ"

"အော် အဲ့တာများ သမီးနိုးခဲ့မယ် အဖေပင်ပန်းမခံပါနဲ့"

ဦးမင်းသန့်မောင်က မျက်ခုံးပင့်ကာ

"သမီးနွယ် အခုတစ်လော ထူးဆန်းနေတယ်နော်"

နွယ်က မျက်မှန်ကိုပင့်တင်လိုက်ပြီး

"အဖေစိတ်ထင်လို့ပါ"

ဦးမင်းသန့်မောင်လည်း မျက်မှောင်ကျုံ့ကာ အောက်သို့ဆင်းသွားစဉ်နွယ်က မေ့အခန်းထဲသို့ဝင်သွားရာ မေက အိပ်မောကျနေစဲပင် အိပ်ယာပေါ်မှာဝင်ထိုင်လိုက်ရင်း နွယ်က မေ့အားတစ်စိမ့်စိမ့်ကြည့်နေသည် ရှည်သွယ်သောဆံပင် မျက်တောင်ကော့ကော့လေးများဖြင့် နှာတံသွယ်သွယ် ရှိသော မေ့ပုံစံမှာ နတ်သမီးအလားပင် နွယ်က မေ့အားတစ်စိမ့်စိမ့်ကြည့်နေရင်း ပန်းနုရောင် နှုတ်ခမ်းလေးအား ငုံကာ နမ်းလိုက်စဉ်

"အလို မမနွယ် ဒါဘာလုပ်တာလဲ"

မေက မျက်လုံးပွင့်လာကာ ထထိုင်လိုက်စဉ်

"ဘာဖြစ်လို့လဲ မေ"

"ဘာလို့ မေ့နှုတ်ခမ်းကို နမ်းတာလဲ"

နွယ်က မျက်မှန်ကို ချွတ်လိုက်ကာ မေကို ကြည့်ကာ မေ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း

"ကို ထပ်ပြီးညာမနေချင်တော့ဘူး မေ ကိုမင်းကို ချစ်တယ်..."

"မမနွယ် ဒါက သိပ်ကို စောလွန်းတယ်မလား"

"ကို့အချစ်ကို စောတယ်လို့ဆိုလိုချင်တာလား မစောပါဘူး မေ ကို့အသက်၂၆နှစ်ရောက်မှ ပထမဆုံးချစ်ဖူးခဲ့တာ အဲ့တာ ဒီနတ်သမီးလေးကိုဘဲ"

မေက မျက်နာကြီးနီရဲလာကာ

"မမနွယ်..."

"ရှင်"

"မေ မမနွယ်ကို ချစ်တယ်..."

"အယ် မေက ကို့ကိုချစ်တယ်လို့ ပြောလိုက်တာလား"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now