Episode - 14

379 9 0
                                    

ထိုစဉ် နွယ်က ထိုင်နေရာက ထလိုက်ရင်း မေ့လက်အား လှမ်းဆွဲလိုက်သဖြင့် မေလည်းအလိုက်သင့် မက်တပ်ရပ်ပြီးသားဖြစ်သွားသည် ထိုအခါနွယ်က မေ့လက်တစ်စုံအား ကိုင်ထားရင်း

"သေမလား ရှင်မလား မသိတဲ့ ဒီပွဲမှာ မမ ငယ့်ကို ရအောင်ကာကွယ်ပေးမယ် ဒါက ‌မမ ဘက်က မင်းအတွက် ဝန်ခံကတိပါ ငယ်"

မေကပြုံးလိုက်ရင်း

"ငယ့်ဘက်ကလည်း ငယ့်ရဲ့အသက်ရောအချစ်တွေရောပေးအပ်ပါတယ် မမ ငယ်တို့အတူရင်ဆိုင်ကြရအောင်"

နွယ်က မေ့ပါးလေးအား ညင်ညင်သာသာ နမ်းလိုက်ရင်း

"မမ အတွက် ငယ်ဖြစ်တည်လာခြင်းက မမ ရဲ့အရာရာပါဘဲ"

"ငယ်လည်း ထပ်တူပါဘဲရှင်"

ထိုသို့ရှိစဉ် သုတညိုက ထိုင်နေရာမှ ထလိုက်သဖြင့် လူအများကငေးစိုက်ကြည့်နေစဉ် လင်းလက်ခကို အခန်းဝကို ခေါ်သွားရင်း ရောက်သော မြေပြင်၌ ဒူးထောက်ကာ ‌လင်းလက်ခရဲ့လက်တစ်ဖက်အား ကိုင်လိုက်သည်

"ခ ကိုကိုရဲ့အသက်ကို ခကို ပေးအပ်ပါတယ်"

လင်းလက်ခက သုတညိုနည်းတူဒူးထောက်လိုက်ကာ သုတညိုရဲ့မျက်နာအား သူရဲ့လက်သွယ်သွယ်လေးများဖြစ်ကိုင်ထားရင်း

"ကိုကိုက ကျွန်တော့်အတွက် သူရဲကောင်းကြီးပါ ဒါကြောင့်မို့ ကျွန်ဝောာ့်ဘက်လည်း ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်"

"အသက်နဲ့ခန္တာ တည်နေသ၍ ကာကွယ်ပေးပါ့မယ် သက်လယ်"

"ကျွန်တော့်ဘက်ကလည်း လက်ခံလျှက်ပါ"

ထိုအဖြစ်များကို ကြည့်၍ မင်းနောင် ပခုံးတွန့်မိသည် သူ၌လည်း ပြောရမယ့် လူရှိနေပြီဖြစ်သောလည်း ထိုသူက အခုရုံးခန်းထဲ၌ မရှိသောကြောင့် ဖြစ်သည် ထိုအခါ ဦးလွင်ဟန်က

"ငါ့တူတို့ငါ့တူမတို့ ကျုပ်တို့နှင်းဆီအိမ်တော်ကြီးကိုကာကွယ်ကြမယ် ပြီးတော့ ကျုပ်တို့ရဲ့အကိုကြီး ကိုမင်းသန့်မောင်ကိုပါ အတူကာကွယ်ကြရအောင်လား"

"ဟုတ်ကဲ့!!!!!!"

ငါးဦးသားတို့ရဲ့ ပြိုင်တူပြောသံကြောင့် ဦးလွင်ဟန်ပြုံးမိသည် စားပွဲအလည်၌ ရှိသော ဦးမင်းသန့်မောင်ကတော့ ပက်တီးစီးထားသော လက်မောင်းအား ကိုင်ထားရင်း ပီတီမျက်ရည်တို့ ဝေကာရှိနေသည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now