"အေးခနစောင့်"
သုတညိုက ပြောပြောဆိုဆို အပေါ်သို့တက်သွားရာ ၁၅မိနစ်ကြာမှ ပြန်ဆင်းလာတော့ သူ့လက်ထဲမှာ File တစ်ခုပါလာသည် ထို File ကို နွယ့်အားပေလိုက်ရာ နွယ်က တစ်မျက်နာစီ လှန်ကြည့်လိုက်ပြီး ခနအကြာ မျက်နာပျက်သွားသဖြင့်
"နွယ် ဘာဖြစ်လို့လဲ"
နွယ်က File ထဲက သူကို လက်ညိုးထောက်ပြလိုက်ပြီး
"သူက ဘယ်သူလဲ"
ထိုအခါ သုတညိုတို့လဲ ထိုလူကိုကြည့်လိုက်ရာ
"မင်းထိုက်တန် အသက်၂၅နှစ်
ပညာအရည်အချင်း Degree in Economics
ရှင်ယာရှင်ထဲတွင် ထိပ်တန်းရှင်ယာရှင်""ဟင် သူ့ကို ငါတို့လဲ မသိဘူး နွယ်"
နွယ်က ဝိုင်ခွက်ကို လက်ထဲ၌ လှည့်ပတ်ကစားရင်း
"အဲ့လူက လူကောင်းရော ဟုတ်ရဲ့လား"
"နွယ်ဘယ်လိုထင်လဲ"
ထ်ိုအမေးကိုနွယ်က မဖြေဘဲ အချိန်တော်တော်အကြာငြိမ်သက်နေသည်
"နွယ်သူ့ကို သံသယ ရှိတယ်"
"ဘယ်လိုကြောင့်လဲ"
"ဒါတော့ မပြောနိုင်ဘူးနွယ့်စိတ်ထဲမှာ ဒီလူ့ကို မယုံကြည်နိုင်ဘူး"
"ဒါဆိုရင်တော့ဟုတ်နိုင်တယ်"
ကိုမင်းနောင်ရဲ့စကားကြောင့်စိတ်ဝင်စားစွာဖြင့်
"ဘယ်လိုမျိုးလဲ"
"အဲ့နေ့က..."
မင်းနောင်က လုပ်စရာရှိတဲ့ အလုပ်များကို လုပ်နေရင်း အပေါ်ကို မကြည့်ဘဲ လမ်းလျှောက်လာရာ လူတစ်ယောက်ကို ဝင်တိုက်မိသဖြင့်
"အို Sorry"
"Sorry ဆိုတဲ့စကားနဲ့တင် ပြီးသွားရောလား"
ထိုလူရဲ့အပြောကြောင့် မော့ကြည့်လိုက်ရာ
"ဟာ ကိုမင်းထိုက်တန်"
မျက်ခုံးမွေးထူးထူး မျက်လုံးမှာမဲနက်၍ အရပ်6'ခန့်ရှိ၍ ခန္တာကိုယ်ကျစ်လစ်သော အသက်၂၅နှစ်အရွယ် အမျိုးသား ထိုလူက Mid Night Company ရဲ့ ရှင်ယာအများဆုံးရှင်ယာရှင်
"မင်းလိုပေါ့ဆဆ ရွံစရာကောင်တွေကြောင့် ဒီ Company မတိုးတက်တာ"
ထိုစကားကြောင့် မင်းနောင် မျက်နာပျက်သွားသောလဲ မသိသာစေရန်ပြင်၍
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii