ထိုစကားသံအဆုံး၌ လက်ခုပ်သံများဆူညံစွာထွက်လာသည် လက်ခုပ်သံများစဲသွားသောအခါ နွယ်ကဆက်၍
"အခုလဲကျွန်မတို့ အင်းလေးဒေသနဲ့ချိတ်ဆက်ပြီး ဘုရားဖူးဧည့်သည်များအဆင်ပြေဖို့ ဒီနေရာကို တိုးချဲ့ရချင်းဖြစ်ပါတယ်"
"ခများအစီအစဉ်ကောင်းပေမယ့်ကျုပ်ငြင်းချင်တယ်"
တစ်ချိန်လုံးငြိမ်နေသောခုံအစွန်ဆုံးကလူကထေပြာလိုက်သဖြင့် နွယ်ကမျက်ခုံးတွန့်၍ ကြည့်လိုက်ရာမျက်ခုံးမွှေးထူထူ မျက်လုံးမဲနက်နက်ဖြင့် မချိုမချဉ်မျက်နာဖြင့် သူ့အားကြည့်နေသော အသက်၂၅နှစ်အရွယ် လူငယ်
"မင်းက ဘာများသဘောမကျတာရှိလို့လဲ"
"ဒါကတော့ခများနဲ့မဆိုင်ဘူးထင်တယ်နော် ကျုပ်က ဒီCompanyရဲ့ ရှယ်ယာရှင်"
"မင်းလုပ်ချင်တိုင်း လုပ်လို့ရရအောင် ဒါက ကလေးတွေလိုအပျော်တမ်းကစားနေတာမဟုတ်ဘူး မင်းထိုက်တန်!!!!"
"ခများက ဘယ်သူမို့ ကျုပ်ကို အာဏာပြနေတာလဲ ကျုပ်ဘယ်ကောင်လဲ ခများမသိတာလား"
"မင်းဟာမင်း ရှယ်ယာဘယ်လောက်ဘဲ ရှိရှိ တို့ ဂရုစိုက်နေမှာမဟုတ်ဘူး အေးမင်းသိထားဖို့က တို့ကဒီCompany ပိုင်ရှင် ဒေါ်နွယ်မူယာပိုင်ဘဲ"
သူတို့စကားများတော့မည်ကိုသိနေသော သုတညိုနဲ့မင်းနောင်က တစ်ယောက်မျက်နာကိုတစ်ယောက်ကြည့်လျှက် မေကတော့ နွယ့်လက်အားဆုပ်ကိုင်ထားသည်
"အော် ဒေါ်နွယ်မူယာပိုင်ဟုတ်စ တွေ့ရတာဝမ်းသာပါတယ် ကျုပ်ကမင်းထိုက်တန် ဒါတွေထားပါ ကျုပ်ဒီ Project အတွက် တစ်ပြားမှ မပေးနိုင်ဘူး"
နွယ်ကမျက်ဒေါက်နီကြီးဖြင့် မင်းထိုက်တန်ကို စိုက်ကြည့်လိုက်ရင်း
"ဟမ်!!!!! မင်းစကားကို ပလောင်းပလဲ မပြောနဲ့ မင်းထိုက်တန် ဒီမှာရှိနေတဲ့ လူကြီးတွေကတောင် ဘာမှ မပြောတာ မင်းက ဘာဖြစ်ချင်တာလဲ"
"ကျုပ်ပိုက်ဆံကို ကျုပ်ရင်းနှီးချင်နှီးမယ် မနှီးချင်မနှီးဘူး ဒါတော့ ခများနဲ့မဆိုင်ဘူးထင်တယ်"
"အဟက်!!!!"
နွယ်ကတစ်ချက်ရီလိုက်ရင်း
"ဒီProjectကသေးသေးလေးလို့ မင်းထင်နေတာလား"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii