Episode - 17

284 8 0
                                    

နွယ်က မေ့အနား ပြန်လျှောက်သွားပြီး မေ့ရဲ့လက်လေးအားယုယုယယကိုင်လိုက်ရင်း

"ဘာမှ စိတ်ပူစရာ မရှိပါဘူး ဒါပေမယ့် ငယ့်ကို မမ စိတ်ပူတယ်"

"မမရယ် ငယ် က ကလေးမဟုတ်ပါဘူး"

ထိုစကားကြောင့်

"ကလေးမဟုတ်လို့ ပိုစိတ်ပူနေရတာ"

နွယ်ကထိုသို့ပြောလိုက်ရာ

"နင့်ကလေးထပ် ငါ့ကလေးက ပိုစိတ်မချဖြစ်ရတယ်"

သုတညိုက လင်းလက်ခအားဖက်ထားရင်းဆိုလိုက်သဖြင့် နွယ်က မျက်စောင်းထိုးလိုက်ရင်း

"ညို နင်အမြဲလိုက်ပြိုင်နေတော့တာဘဲ အတူတူဘဲကို"

"မတူပါဘူး နင့်လူက မိန်းကလေး ငါ့လူက ယောင်္ကျားလေး"

ထိုအခါ နွယ်က ရီမောရင်း

"အော် နင်ပြောမှဘဲသိတော့တယ် ညိုရယ်"

ထိုစဉ် ရတီက သေနတ်ကို စစ်ဆေးနေသော မင်းနောင်အနားလျှောက်သွားပြီး မင်းနောင်လက်မောင်းအား ကိုင်လိုက်ရင်း

"အကိုအဆင်ပြေရဲ့လား"

"ပြေပါတယ် ရတီရော"

မင်းနောင်က ရတီမျက်နာလေးအားကိုင်ရင်းဆိုသည် ဘေးက နွယ်တို့ကတော့ ‌တစ်ယောက်မျက်နာဝာစ်ယောက်ကြည့်ကာ ခိုးရီနေကြသည်

"အကိုရှိနေသ၍ ရတီဘာမမဖြစ်ပါဘူး အကိုရယ်"

မင်းနောင်က တင်းကြပ်စွာဖက်ထားသည် ရတီကလည်း အလိုက်သင့် ပြန်ဖက်ထားလိုက်မိသည် နှင်းဆီအိမ်တော်ကြီး၌ ပျော်စရာတစ်ဝက် စိတ်ညစ်စရာတစ်ဝက်ရှိနေသည် နွယ်က ပြဿနာ ရှင်းပြီးနောက် အလုပ်သွားရင် ပြင်ဆင်နေတော့ ဘေးက မေက ရှုပ်နေသည်

"ငယ် ကလေးလေးကြလို့ ဘာလို့လိုက်ရှုပ်နေတာလဲ"

နွယ်က မျက်မှန်မှဖုန်များကို လက်ကိုင်ပုဝါဖြင့်သုတ်နေရင်း မေးလိုက်ရာ

"ငယ်က ကူညီပေးနေတာပါမမရဲ့ဒါနဲ့လေ"

မေကဆက်မပြောဘဲ ငြိမ်နေသဖြင့် နွယ်က မျက်မှန်ကို သေချာစွာတပ်လိုက်ရင်း

"ဘာဖြစ်သလဲ ငယ်"

"ငယ့်ကိုဘယ်လောက်ထိချစ်တာလဲဟင်"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now