"တောက်စ် ဒီလူစု မနေ့တစ်နေ့မှ ထောင်ထဲထွက်တယ် ငါ့ကို သေအောင်သတ်နေကြပြီဘဲ"
နွယ်က ရေရွတ်လိုက်ရင်း မိုးညိုအား
"မိုးညို အငှားကားမြန်မြန်ငှား"
"ဟုတ်ကဲ့သခင်မ"
မိုးညိုက အငှားကားတစ်စီးကို ငှားကာ
"Mid Moon Night Company ကိုသွားမယ်"
"တက်ကြပါ"
ထိုအခါ နွယ်ရောမိုးညိုပါတက်လိုက်ရာ ကားလေးက အမြန်မောင်းထွက်သွားသည်
လမ်း၌
"သခင်မ နောက်မှ ကားမည်းတစ်စီး"
နွယ်က နောက်ကိုလှည့်လိုက်ကာ
"တောက်စ် ဒီကောင်တွေလိုက်လာကြပြီ မိုးညို"
"ဘယ်လိုလုပ်ကြမလဲ သခင်မ ဒီတိုင်းဆို ကျွန်တော်တို့ကို အသေလိုက်ပစ်တော့မှာ"
"ဟ့ သူတို့ပစ်နိုင်မလား ငါတို့ပြေးနိုင်မလားကြည့်တာပေါ့"
"ဒိုင်း!!"
ပထမဆုံးသေနတ်သံကြားလိုက်ရပြီးနောက် နွယ့်လက်မောင်းသို့ ကျည်ဆံ တစ်ခုထိုးဝင်သွားရာ
"ဟာ သခင်မ လက်မောင်း!!"
မိုးညိုရဲ့စကားကြောင့်နွယ်က
"ရတယ် ငါဘာမမဖြစ်ဘူး"
"ကျွန်တော်ပြန်ပစ်ရမလား"
"နေပါစေ မလုပ်နဲ့ ဒီချိန်မှာ ငါတို့က နောက်မှာမိသားစုတွေရှိသေးတယ်ဆိုတာ မေမ့နဲ့ မသေဖို့သာ ဂရုစိုက် မိုးညို"
ထိုကားနောက်မှာ ကားတစ်စီးလိုက်လာသည်ကိုတော့ နွယ်တို့ မမြင်ချေ ထိုကားကတော့ သုတညိုတို့ကားပင်
"ကိုမင်းနောင် အဲ့ကောင်တွေကို လိုက်တိုက်ပစ်စမ်းပါ"
"နေအုံး ဒီနားမှာ လူတွေရှိတယ် ထိကုန်လိမ့်မယ်"
မင်းနောင်က ကားကို အပြင်းမောင်းနှင်၍ သုတညိုက ကားပြတင်းပေါက်က ထွက်ကာ သေနတ်ဖြင့်ရှေ့ကားကို ချိန်ထားသည်
"ပစ်လို့ရရင် ပြော ကိုမင်းနောင်"
မင်းနောင်က စကားမတုံပြန်ဘဲ အပြင်းမောင်းနှင်ခဲ့ရာ လူပြတ်သောလမ်းသို့ရောက်သောအခါ
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii