"သွေးတွေက အများကြီးဘဲ မမ""မကြည့်နဲ့တော့မေ အပေါ်ကအခန်းမှာ နားလှည့်နော်"
နွယ်က မေ့အား လက်ဆွဲကာအိမ်ပေါ်သို့ တက်သွားသည် လှေကားတစ်ဝက်သို့ရောက်သောအခါ
"အော် ကိုမင်းနောင် စိတ်တော့မရှိပါနဲ့
အိမ်ကလူတွေကို အဲ့တာတွေရှင်းခိုင်းလိုက်ပါအုံး""ကောင်းပါပြီ"
ကိုမင်းနောင်ရဲ့ အဖြေကြောင့် အိမ်ပေါ်သို့ဆက်လက်တက်သွားလေရာ နွယ့်အခန်းထဲသို့ ဝင်၍ မေ့အား ထိုင်စေတယ်သူမကတော့ စာအုပ်တစ်အုပ်ကို ဆွဲယူကာဖတ်နေသည်မေက နွယ့်ရဲ့ အခန်းကို လှည့်ပတ်ကြည့်နေပြီးနောက်
"မမ"
ထိုအသံကြောင့် နွယ်က ထိုင်ခုံ၌ စာဖတ်နေရာမှ
မျက်မှန်ကို ပင့်တင်လိုက်ကာ တောက်ပလှသော
မျက်ဝန်းတို့ဖြင့် "ဘာလဲ"ဆိုသောသဘောဖြင့်
ကြည့်လိုက်ရာ မေက ခန မှင်သက်နေသည်" မေ မင်း တို့မျက်နာကို ကြည့်ဖို့များခေါ်တာလား "
ထိုအခါမေက
"မ..မဟုတ်ပါဘူး"
နွယ်ကမေ့အား သေချာကြည့်လိုက်ကာ ပြုံးလိုက်ရင်း
"ရိုးကော ရိုးသားသေးရဲ့လား မေ"
"အလို ကျွန်မက ဘာမရိုးမသားလုပ်နေလို့လဲ မမနွယ်သာ ကျွန်မ အပေါ်မရိုးသားတာ
မေ့စကားကြောင့်နွယ်က
"အချစ်ဆိုတာ မရိုးသားတာမဟုတ်ပါဘူး မေ
ချစ်စိတ်နဲ့ ကြည့်တာကို မရိုးမသားလုပ်တယ်လို့ မစွပ်စွဲပါနဲ့""ဟောရှင် စကားတွေသိပ်ကြွယ်နေတာဘဲနော်"
"နှလုံးသားလေးက စေခိုင်းရာအတိုင်း ပြောတာပါ"
"ဖြစ်ရလေ ရှင်"
" ဒိုင်း ! "
ကြည်လင် ပြတ်သားသော သေနတ်သံတစ်ချက်ကြောင့် စကားပြောနေသော မေ နဲ့ နွယ် အောက်ထပ်သို့ပြေးဆင်းလာရာသေနတ်ရာအား သေချာကြည့်နေသော ကိုမင်းနောင်အားနွယ်က
"ကိုမင်းနောင် ဘာဖြစ်တာလဲ"
"အင်း ဟိုလူစု အကို့ကို ချောင်းပစ်တာ"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii