မေကနွယ့်အားကြည့်နေမိသည် အနောက်တိုင်စတိုင်ဆံပင်နှင့် အနောက်တိုင်းစတိုင်အင်္ကျီအဖြူအားလက်ခေါက်ထား၍ အဖြူရောင်ဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားသော ထိုအမျိုးသမီးသည် မေ့ရဲ့ အမျိုးသမီးဖြစ်သည်
"ငယ် ကို့ပုံစံက ထူးဆန်းနေလို့ သေချာကြည့်နေလား"
နွယ်က မသိဟန်ဖြင့် ပြောလိုက်ရာ မေသတိဝင်လာကာ ရှက်ရီရီသည်
"ငယ် မမကို သေချာကြည့်နေတာ မမက ယောင်္ကျားလေးနဲ့တူပြီး တကယ် Smart ကျတယ်"
"ဒီမနက် မေကဗျာငယ်တို့ ထူးဆန်းနေတယ်နော်"
နွယ်က မှန်ကြည့်ရင်းရွှေကိုင်းမျက်မှန်ကို ငေချာတပ်နေရင်းပြောလိုက်ရာ မေက
"ဘာမမဟုတ်ပါဘူး မမကလည်း"
"ဟုတ်ပါပြီ ငယ်ရှင့် မမ တို့ မနက်စာစားကြရအောင်လို့မျက်နာသစ်ပါအုံးနော် မမ ဆင်းနှင့်မယ်"
နွယ်က ထိုသို့ပြောကာ မေ့အားပြုံးပြရင်းဆင်းသွားရာ မေလည်း ရေချိုးခန်းအတွင်းအမြန်ဝင် ကိုယ်လက်သန့်စင်၍အောက်သို့ အပြေးဆင်းလာရာ ထမင်းစားခန်း၌ လူစုလှသည် ဦးမင်းသန့်မောင်
ကိုမင်းနောင် ဦးလွင်ဟန် နွယ်အပါအဝင် သုတညိုနဲ့လင်းလက်ခတို့ပါ အတူရှိနေသည်"ဟော ငယ်လာပြီလား လာငယ် မမဘေးမှာထိုင်"
နွယ်က မေ့အတွက်ဖယ်ထားဟန်တူသော ခုံ၌ထိုင်ရန်ပြောသောအခါ မေလည်း အလျှင်အမြန်ထိုင်လိုက်သည် ထို့နောက်မေက ထမင်းမစားသေးဘဲ လူတစ်ယောက်စီကို အကဲခက်လိုက်ပြီး
"အကိုလင်းလက်ခ မျက်နာက မအီမသာနဲ့ ဘာဖြစ်နေတာလဲဟင်"
မအီမသာ ဖြစ်နေသော လင်းလက်ခအားမေးလိုက်ရာ လင်းလက်ခလန့်သွားသည် သူတို့ညက ချစ်တိုက်ပွဲဝင်ထားသဖြင့် ဒီမနက် သူမအီမသာ ဖြစ်နေတာကို မေသတိထားမိသွားချေပြီလား
"ဘာ ဘာမဖြစ်ပါဘူး မေရယ် ကျွန်တော်ညကအိပ်မပျော်လို့ပါ"
မေက နားမလည်ဟန်ဖြင့်
"ဘာလို့များပါလိမ့်"
ထို့သို့ပြောကာ သုတညိုအား ကြည့်နေသောမေ့အမူအယာကြောင့် သုတညို နေရခက်ကာ
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Roman d'amour"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii