Episode - 21

283 8 0
                                    

ထိုအခါကျန်လူများ နွယ့်အားမရိုမသေ မလုပ်ဝံတော့ဘဲ အပိုးကျိုးသွားသည့်နယ်ထိုင်နေကြသည် ထိုအခါနွယ်က ထိုလူ့အနားကို လျှောက်သွားပြီး ဆံပင်ကို ဆောင့်ဆွဲလိုက်ကာ

"မင်းပါးစပ်ကို ပိတ်လိုက်စမ်း ငါမလုပ်ရဲဘူးမထင်နဲ့ နောက်တစ်ခွန်းထပ်ထွက်လာရင် မင်းဦးနှောက်ထဲ ကျည်ဆံဝင်သွားလိမ့်မယ်!!"

နွယ်က ကြိမ်းဝါးလိုက်သဖြင့်ထိုလူမှာ ကြောက်ရွံဟန်ဖြင့်ခေါင်းညိတ်ပြသည် ထိုစဉ် ဖုန်းမြည်သံကြောင့် နွယ်ကကောက်ကိုင်လိုက်ရာ

"ဟယ်လို သမီး"

တစ်ဖက်အသံပိုင်ရှင်က ဦးမင်းသန့်မောင်ဖြစ်နေသဖြင့်

"ဟုတ်ကဲ့ အဖေ အခြေအနေကရော"

"နှစ်ယောက်လုံးစိုးရိမ်စရာမရှိဘူး လင်းလက်ခကတော့ ခွဲစိတ်ထားရတယ်"

"ကောင်းပြီ အဖေ ဘယ်ဆေးရုံမှာတင်ထားလဲ"

"အနီးအနားဆေးရုံမှာဘဲ သမီးနွယ်"

"ဟုတ်ပြီအဖေ နွယ်တို့ ပြီးရင်လိုက်လာခဲ့မယ်"

"အေးအေး"

ဦးမင်းသန့်မောင်က ဖုန်းကိုချလိုက်ပြီးနောက် မေ့ရဲ့လက်အား ညင်သာစွာကိုင်လိုက်ရင်း

"အဖေတို့ ပြဿနာတွေကြား ဓားစာခံဖြစ်ခဲ့စေမိလို့ အဖေတောင်းပန်ပါတယ် သမီး ပြီးတော့လင်းလက်ခကိုရောဘဲ"

မေက ဆေးရုံကုတင်ပေါ်မှာလှဲနေရာမှ ထထိုင်လိုက်ရင်း ဦးမင်းသန့်မောင်ရဲ့ လက်အား တင်းကျပ်စွာကိုင်ထားရင်

"ဒါကျွန်မရွေးခဲ့တဲ့ လမ်းပါ အဖေ ‌မမကို ကျွန်မဘက်ကကိုယ်တိုင်ရွေးချယ်ခဲ့တာမို့ အဖေ့အပြစ်ကြီးဘဲ မဟုတ်ပါဘူး"

မေ့ရဲ့စကားအဆုံး၌ တစ်ဖက်ကုတင်ပေါ်က လင်းလက်ခက

"ကိုယ့်ကိုကိုယ်ကြီးဘဲ အပြစ်မဖို့ပါနဲ့ အဖေရယ် ကိုကို့ရှိနေရင် ကျွန်တော် တို့ရင်ဆိုင်ရဲပါတယ် ဟုတ်တယ်မလား မေ"

"ဟုတ်ပါတယ် ကျွန်တော်ချစ်ရတဲ့လူတွေ အတွက် ကျွန်တော်တို့ရှိနေပေးရမယ်လေ"

ထိုအခါ ဦးမင်းသန့်မောင် ရတီ နဲ့ လွင်ဟန်တို့ ပြုံးမိလိုက်ကြသည်တစ်ဖက်က နွယ်ကတော့ဖုန်းချလိုက်ရင်း သုတညိုဘက်လှည့်ကာ လက်မထောင်ပြလိုက်မှ သုတညို စိတ်သက်သာရာရ‌တော့သည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now