Episode - 22

269 5 0
                                    

ဆရာဝန်ကြီး အပါအဝင် ကျန်လူများပါ ကြောင်သွားသည်

"ဘာကြောင့်လဲ ငါက ဒီဆေးရုံက ဆရာဝန်တစ်ယောက်ဖြစ်တယ် ဒါကို မင်းက ခွင့်ပြန်ဝောာင်းစေချင်တာလား မိန်းကလေး"

ဆရာဝန်ကြီးက နွယ့်အား စိုက်ကြည့်ရင်း ပြောလိုက်ရာ နွယ်က

"အဲ့လိုမျိုးဆို ဆရာဝန်ကြီးမှားမှာပေါ့ ဒါက ကျွန်မလူနာပါ ကျွန်မ အပိုင်ကို ထိတော့မယ်ဆို ဆရာဝန်ကြီး အနေနဲ့ ခွင့်ဝောာင်းသင့်ပါတယ် ဒါက ယဉ်ကျေးမှုပါ"

ဆရာဝန်ကြီးက မျက်မှောင်ကျုံကာ ခနစဉ်းစားလိုက်ပြီးနောက် ပြုံးလာသည်

"မင်းက အတော်ထက်မြက်တဲ့မိန်းကလေးဘဲ နမည်က ဘယ်လိုများခေါ်ပါသလဲ"

"ကျွန်မက ဟော့ဒီကအမျိုးသမီးရဲ့မူပိုင် နွယ်မူယာပိုင်ပါ"

"ဒါဆို မင်းက မင်းသန့်မောင်ရဲ့သမီးပေါ့"

"ဟုတ်ပါတယ် ဆရာဝန်ကြီး"

"ဟေ့ မင်းသန့်မောင် ငါ့တူမလေးက အတော်ထက်မြက်တာဘဲ မင်းနဲ့တော့ကွာပ"

"ရှင် ဆရာဝန်ကြီး ကျွန်မကိုဘယ်လို..."

ထိုစဉ် ဦးမင်းသန့်မောင်ကကြားဝင်လိုက်ပြီး

"ဒါက အဖေ့ရဲ့အကိုကြီး သမီးရဲ့ ဦးလေးဘဲကွ"

နွယ်မှင်သက်စွာ ထိုဆရာဝန်ကြီးအားကြည့်နေမိရာ

"ဖြစ်ကြောင်းက ဒီလိုကွ"

လွန်ခဲ့သော ၃၅နှစ်ခန့်က

"တောက်စ်!!!!"

နှင်းဆီအိမ်တော်ကြီး အတွင်းမှပြတ်သားစွာထွက်လာသော တောက်စ်ခေါက်သံနဲ့အတူ

"ခွေးမြှီးကောက်ခြေထောက်စွတ်တဲ့သားမိုက်"

ထို့သို့ရေရွတ်လိုက်သူမှာဦးမင်းသန့်မောင်ရဲ့အဖေကြီးဦးကျော်လွင်ဦးရဲ့အသံပင် သူ့ရှေ့၌တော့ အသက်၂၀အရွယ် လူငယ်တစ်ယောက် ထိုလူငယ်က

"အဖေ"

"မင်းပါးစပ်ကို ပိတ်ထား မင်းသန့်လွင်"

ထုိဖြစ်စဉ် ကိုချောင်းနေသော ဦးမင်းသန့်မောင်မှာ၁၅နှစ်သာ ရှိသေးသည် ဘေးတွင်တော့ သူ့ရဲ့ အမေဖြစ်သူ ဒေါ်နှင်းဆီ ရှိနေချေသည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now