Episode - 9

443 14 0
                                    

နွယ်တုိ့ပြန်ရောက်‌ေနပြီဖြစ်သည် နွယ်က စိတ်ပူစွာရေရွတ်နေကာ ဘေးက မေကတော့ နွယ့်အား ဖက်လိုက်ရင်း

"‌မ ကိုသုတမျက်လုံးတွေကို ငယ်သိပ်မကြိုက်ဘူး
သူတစ်ခုခုကို ခံစားနေတာ ထင်တယ် ပြီးတော့ သူပြောသွားသေးတယ်ငါ့နှလုံးသားလေးအိပ်စက်နေတဲ့နေရာကိုတဲ့"

"ဒါဆို ခရဲ့ အုပ်ဂူကိုရောက်နေဝာာထင်တယ်"

နွယ်ရေရွတ်ရင်း

"ကိုမင်းနောင် အဖေ"

‌နွယ့်ခေါ်သံကြောင့် ဦးမင်းသန့်မောင် နဲ့ ကိုမင်းနောင်တို့ရောက်လာကြရာ နွယ်က

"အဖေ ညို့ကို ရှာရအောင်"

"ဟမ် သူဘယ်အချိန်ထဲက ထွက်သွားတာလဲ"

မေက ကြားဝင်လိုက်ကာ

"အဖေတို့ ရုံးသွားပြီး သိပ်မကြာခင်ဘဲ
ကိုသုတထွက်သွားတာ"

ဦးမင်းသန့်မောင်လည်း စိတ်ပူဟန်ဖြင့်

"အတော်ကြာနေပြီဘဲ မင်းနောင်
ကားထုတ် ငါတို့ သွားကြမယ်"

"ဟုတ်ကဲ့ ဆရာ"

ကိုမင်းနောင် လည်း အလျှင်အမြန်ကားထုတ်ကာ
ထိုကားပေါ်သို့ ‌နွယ် ဦးမင်းသန့်မောင် နဲ့ မေတို့တက်လိုက်ကြသည်

"ညကြီးမင်းကြီးဘယ်သွားကြမလို့လဲ"

ဘေးအိမ်က ဦးလွင်ဟန်ရဲ့အသံ

"ကိုလွင်ဟန် ကျွန်တော်တို့ သုတညိုကို ရှာကြမလို့"

"အော် ဟုတ်လား အေးသွားကြလေ ညတောင် နက်တော့မယ်"

အလျှင်အမြန်မောင်းထွက်သွားသော ကားအား ကြည့်နေရင်းဦးလွင်ဟန် သက်ပြင်းရှိုက်လိုက်မိသည်

"အော် အချစ်အချစ် ‌တယ်လည်း ဆန်းကြယ်ပါလား လူသာသေသော်လည်း အချစ်တွေက ဘယ်တော့မှ မသေဆုံးဘူးဆိုတာ ဒီလူငယ်တို့ အတွဲက သက်သေပြလိုက်တာဘဲ"

ဦးလွင်ဟန် စိတ်အတွင်းရေရွတ်ရင်းအိမ်ထဲသို့ ပြန်ဝင်သွားသည်

သချိုင်းအတွင်းဝင်သွားသောအခါ

"ဟိုမှာ မောင်သုတညိုမလား"

အုပ်ဂူရဲ့ဘေးတွင် လှဲနေသောလူတစ်ယောက်ထိုလူသည် အသားများတစ်ဆက်ဆက်တုန်၍ အဖျားဝင်နေဟန်ရှိသည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now