"ဘာ!!!!!!"
ရဲစခန်းထဲမှ သုတညိုရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်
"ဘာ စခန်းမှူး ကျုပ်တို့ ဦးလေးသေတာကို တာဝန်မယူဘူးဟုတ်လား"
"ဟုတ်ပါတယ် ခများတို့က ဒုစရိုက်အလုပ်တွေလုပ်ကိုင်နေတဲ့လူတွေမို့ ကျွန်တော့်ဘက်၌ ဒီလူသေမှုကို အရေးမယူပေးနိုင်ပါဘူး"
"ဟမ် ကျုပ်တို့က ဒုစရိုက်မှုတွေလုပ်တဲ့လူဟုတ်လား ပြီးတော့ အရေးမယူပေးနိုင်ဘူးဆိုတော့ ကျုပ်တို့ဦးလေးက အလကားသက်သက်သေပေးရတာလား ခများပြောစမ်းပါ"
"ညီ ဒါရဲစခန်းနော် မင်းတို့ဆိုးလို့မိုက်လို့ရမယ့်နေရာမဟုတ်ဘူး"
"တောက်စ်!!!"
"တော်တော့ သုတညို ပြန်ရအောင်"
မင်းနောင်က သုတညိုကို ဆွဲခေါ်လာကာ ရဲစခန်းထဲမှထွက်လာခဲ့သည်
"တောက်စ် အကိုရာ လူပါးဝလွန်းတယ်"
"အေး မင်းဖြစ်နေတာ ငါသိပါတယ် သုတညို ဒါပေမယ့် ငါတို့ ဘာမှ မလုပ်နိုင်ဘူးလေ"
သုတညို မျက်ဝန်းများဝိုင်းလာကာ
"သက်သက်ညစ်ပတ်တာဗျာ ဒီရဲတွေ"
"အေးပါကွာ..."
ထိုသို့ဖြစ် အိမ်ပြန်လာရာ အကျိုးအကြောင်း နွယ့်အားပြောပြလိုက်ရာ
"အင်း ဒီလူစု သေချာအကွက်ချပြီး စီစဉ်ထားပုံဘဲ"
"ဟုတ်တယ်နွယ်"
"ဒီတော့နွယ်တို့ လှုပ်ရှားရမယ်"
"ဘယ်လိုလှုပ်ရှားမလဲ နွယ်"
"ဒါကတော့အခြေအနေပေါ်မူတည်တာပေါ့"
"ငါတို့ဘက်က ဦးလေး မရှိတော့တာ တစ်ကွက်ဟာသွားတယ် နွယ်"
နွယ်က ဆေးလိပ်တစ်လိပ်ကိုထုတ်ကာမီးညှိ့လိုက်ပြီး
"ညို ဒါက သူတို့အကွက်ဘဲလေ ဦးလွင်ဟန်ကိုရှင်းလိုက်ရင် နင်တို့အကိုတို့ကို နိုင်မယ်လို့အပိုင်တွက်ထားတာ"
"အဓိကပစ်မှတ်ကဘယ်သူလို့ထင်လဲ"
မင်းနောင်ရဲ့အမေးကြောင့် နွယ်က အဝေးကိုစိုက်ငေးကြည့်လိုက်ရင်း
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii