နောက်တစ်နေ့
"ဦးလေး ငယ် ဆေးရုံကဆင်းလို့ရပြီလား"
အခန်းအတွင်းကနွယ်၏အသံပင်
"အမ်းရပြီ နွယ် အိမ်မှာနားနားနေနေ နေပြီး ကလေးကို ကြည့်ပေးပေါ့"
ထိုအခါ
"ဒါဆိုငယ် သိမ်းစရာရှိတာတွေသိမ်းတော့"
မေက သိမ်းစရာ ရှိသည်များကို သိမ်းဆည်းနေရာ နွယ်က ပုခက်ထဲက သမီးလေးအား ယုယုယယ ကချီလိုက်ရာ ကလေးက ငိုသည်
"အို သမီးလေး နိုးသွားပြီလား ကျွတ်ကျွတ်ကျွတ်*
နွယ်က ကလေးအားချော့မော့ရာ အငိုတိတ်သွား၍ နွယ်ရင်ခွင်ထဲမှာထပ်မံအိပ်ပျော်သွားရာ
"ငယ်.."
"ရှင်"
"ပြီးပြီလား ငယ်"
"ပြီးပါပြီ မမရဲ့ အမယ်လေး အရမ်းလောတာဘဲ"
"မဟုတ်ရပါဘူးငယ်ရယ် ကလေးအတွက်ပါ"
"ဟွန့်ကလေးအတွက်ကြီးဘဲ ခများကို ကြည့်မရတော့ဘူးနော် ဒေါ်နွယ်မူယာပိုင်!!!"
"အားပါးပါး နားတောင်အူသွားတယ် ငယ်လေးရယ်"
"ဟွန့်!"
နွယ်က ငယ့်ပုခုံးလေးကိုဖက်ကာ
"ငယ်ကလည်းကွာ ကလေးနဲ့တောင် ပြိုင်စိတ်ကောက်နေတယ် ဘာကြီးဘဲဖြစ်ဖြစ် ကိုအရင်ချစ်ခဲ့တာ ဒီကလေးလေးကိုမဟုတ်လား"
"မသိဘူး!!"
"အလို ငယ် ကို့ကို စိတ်မကောက်ရဘူးလေ"
မေက မျက်စောင်းထိုးကာ တစ်ဖက်ကိုလှည့်သွားသဖြင့် နွယ်က
"မိန်းမကလည်းကွာ ယောင်္ကျားကိုနေရခက်အောင်လုပ်နေပြီ"
နွယ့်ပုံစံကြောင့် မေက ရီချင်လာကာ
"ရားးး တကယ် အသည်းယားစရာကောင်းတဲ့ လူကြီး!!"
"အဲ့တာ ခများအမျိုးသား နွယ်မူယာပိုင်ဘဲလေ"
"ကဲပါကဲပါ လာသွားကြမယ်"
သူတို့ဆေးရုံပေါ်ကဆင်းလာစဉ် နောက်ကမိုးညိုက အထုပ်များကိုသည်လာသည် လှေကားသို့ရောက်သောအခါ
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii