Episode - 45

262 9 0
                                    

လမ်းတစ်လျှောက် တိတ်ဆိတ်နေသော လေပြေမုန်းကို တစ်ချက်ချက်ခိုးခိုးကြည့်ကာ မောင်းနှင်လာသော မိုးညိုမှာ

"မမ ဒီနေ့စကားနည်းနေတယ်နော် စိတ်အဆင်မပြေလို့လား"

"အင်း အဆင်ပြေပါတယ် မိုးညို"

ထိုစဉ်

"မမ ခနနော်"

မိုးညို ဘေးဘီဝဲရာကိုကြည့်လိုက်ရာ ကားအနက် လေးစီးခန့်ကို‌တွေ့လိုက်ရသဖြင့်

"မမ သတိထား"

"ဟင်ဘယ်လို?"

"ဒိုင်း!!"

မိုးညိုထင်တဲ့အတိုင်း နောက်ကားက လှမ်းပစ်သဖြင့် နွယ်တို့စီကို သတင်းလှမ်းပို့ရသည်

"ဟယ်လို မိုးညိုပြော"

ကိုမင်းနောင်ရဲ့အသံ

"ဟယ်လိုကိုမင်းနောင် ကျွန်တော်တို့ အပစ်ခံနေရတယ် ဟိုလူစုဘဲထင်တယ်"

ကိုမင်းနောင်က သုတညိုကို တစ်ချက်ကြည့်လိုက်မိသည် နောက်ခန်းက နွယ်က

"တိုက်ပွဲအတွက် ပြင်ဆင် မမလေပြေကို ရအောင်ကာကွယ် မိုးညို"

"ဟုတ်ကဲ့ သခင်မ"

"ဒိုင်း! ဒိုင်း!"

ဆက်တိုက်ပစ်ခက်နေသော ကားများကြားထဲမှာ မိုးညိုက အရှိန်ဖြင့် အမြန်ဆုံးမောင်းနှင်ရသည် လေပြေမုန်းကတော့ မိုးညိုရဲ့လက်မောင်းကိုတင်းကြပ်စွာဆုတ်ကိုင်ထားကာ

"နွယ် ဘယ်လိုဆက်လုပ်မလဲ"

သုတညိုရဲ့စကားကြောင့် နွယ်က ပြုံးလိုက်ကာ

"တိုက်ပွဲကို စတင်လိုက်ကြတာပေါ့ မိုးညိုစီကို ဆက်သွယ်ပေး ကိုမင်းနောင်"

ကိုမင်းနောင်က မိုးညိုဆက်သွယ်ရာ ခနအကြာတွင် အဆက်အသွယ်ရသည်

"ဟယ်လိုကိုမင်းနောင်"

"အေး မိုးညို ငါပြောတာကို သေချာနားထောင် မင်းက ကားကို စက်ရုံအပျက်စီကို ဦးတည်ပြီးမောင်း နောက်ပြီး မင်းလူစုကိုလည်း လက်နက်အစုံအလင်နဲ့အဲ့ကိုလာခိုင်း ငါတို့ပါလာခဲ့မယ် ဖြစ်ပစေနော်"

"ကောင်းပါပြီသခင်မ"

"ခန မိုးညို"

လေပြေမုန်းရဲ့ဟန့်တားမှုကြောင့် မိုးညိုကဖုန်းချတော့မယ်ပြုပြီးမှရပ်လိုက်သည် ထိုအခါ လေပြေမုန်းက

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now