Episode - 31

216 8 0
                                    

"ဟုတ်ရဲ့ မင်းရဲ့အမ လေပြေမုန်းပေါ့"

"ကဲ ဒါဖြင့် လူလည်း စုံနေပြီဆိုတော့ သွားကြရအောင်"

နွယ်က မေ့လက်အားဆွဲ၍ကားဆီသို့သွားလိုက်ရာ နောက်က မိုးညိုက လိုက်လာ၍

"သခင်မ"

"ပြော"

"ကျွန်တော်လိုက်ဖို့ ကားက အဆင်မပြေလို့"

"အော် အဲ့လိုဆို ဦးလေးတို့ ကားနဲ့လိုက်သွားချေ မင်းကိုကားမောင်းသင်ခိုင်းထားတာ အတော်မောင်းတတ်နေပြီလား"

"ဟုတ်ကဲ့"

နွယ်က စကားမတုံပြန်တော့ဘဲဦးမင်းသန့်လွင်စီလျှောက်သွား၍

"ဦးလေး နွယ်တို့ကားတွေထဲ လူကြပ်နေလို့ ဦးလေးတို့ကားထဲ နွယ့်သက်တော်စောင့်လေး ထည့်ပေးချင်လို့"

"အော်အေးရတယ်လေ"

"ဦးလေးတို့အေးဆေးလိုက်လို့ရပါတယ် သူ့ကို ကားမောင်းခိုင်းလိုက်"

"အေး ဟိုနားက သူငယ်လေးမလား"

"ဟုတ်တယ် ဦးလေး သူ"

"အေးအေးရတယ်"

"ဟေ့ နွယ် သွားကြမယ်"

ဦးမင်းသန့်မောင်ရဲ့အသံကြောင့်နွယ်ကခေါင်းညိတ်ပြလိုက်ရင်း

"သွားရအောင် ချာတိတ်"

နွယ်တို့ကားလေးက တစ်ရွေ့ရွေ့ဖြင့်ခရီးဆက်ခဲ့ရာ
အင်းလေးသို့ဆိုက်ရောက်ခဲ့ပြီ ကားပေါ်က ဆင်းလာသောနွယ်က ပတ်ဝန်းကျင်ကို စူးစမ်းနေသော မေ့နားသို့လျှောက်သွားကာ

"ငယ် လှေစီးရမယ်နော် ကြောက်သလား"

"ဟင် လှေဟုတ်လား"

"ဟုတ်တယ်လေ ဘာလို့လဲငယ်"

"ငယ် ရေကြောက်တယ် မမ..."

ဇနီးသည်လေးရဲ့ပြောစကားကြောင့် နွယ်က မေ့ရှေ့မှာရပ်လိုက်ကာ လက်လေးအား ယုယုယယကိုင်လိုက်ရင်း

"ဘာမမကြောက်နဲ့ ငယ့်ဘေးမှာ ကိုရှိတယ်"

ထိုအခါ မေက ခေါင်းညိတ်ပြလိုက်စဉ်

"အန်တီတို့က‌ေလှနဲ့ကူးဖို့လား"

ဘေးနားကိုရောက်လာသော ကလေးလေးကြောင့် နွယ်က ကလေးလေးရဲ့ ဦးခေါင်းကို ပုတ်ကာ

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now