"ဦးသီဟ ဧည့်တွေ့"
ထောင်စောင့်တစ်ယောက်ရဲ့အသံကြောင့်
"မင်းထိုက်တန် မင်းသွားလိုက်"
"ဟုတ်ကဲ့"
မင်းထိုက်တန်ထွက်လာသော အပြင်မှာရှိနေသူက
"အစ်ကိုလေး"
"မင်း စိုးရရဲ့ညာလက်ရုံး စိုးအောင်မလား?"
"ဟုတ်ပါတယ်"
မင်းထိုက်တန်က ထိုင်ခုံ၌ ထိုင်လိုက်ကာ
"မင်းလာရင်းကိစ္စကဘာလဲ မင်းတို့ခေါင်းဆောင်လည်းပျောက်နေပါ့လား ငါတို့စီကို လာကိုမလာဘူး"
"အဲ့တာတွေရော တခြား သတင်းတွေပါပြောပြဖို့လာခဲ့တာပါ"
"မင်းထိုက်တန်က ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ရင်း"
"ပြော"
"ဆရာကြီးအသတ်ခံလိုက်ရတာ တစ်ပတ်ကျော်သွားပြီ အစ်ကိုလေး"
"ဘာ!!!"
မင်းထိုက်တန်က ထိုင်နေကထလိုက်ကာ စိုးအောင်အား စိုက်ကြည့်နေသည်
"မင်းတို့ ဘယ်လောက်တောင်ဖျင်းတာလဲ ဘာကိစ္စ စိုးရသေသွားတာလဲဟမ်!"
"ဒီ...ဒီလိုပါ ကျွန်တော်တို့ကနွယ်မူယာပိုင်ကို အရမ်းလျှော့တွက်မိလိုက်တာ ဆရာကြီးကလည်း လွယ်လွယ်နဲ့ အပြတ်ရှင်းနိုင်မယ်လို့မျှော်လင့်ထားတာ...."
"တိတ်စမ်း စိုးအောင်! မင်းတို့ ဘယ်လိုတောင် အတွေးတိမ်ရတာလဲ ငါတို့အကုန်လုံးကို မင်းတို့မိထွေးက ထောင်ထဲထည့်ထားတာနော်"
"ဟုတ်..."
"ထားတော့သေတဲ့လူကလည်းသေပြီးနေပြီ နောက်သတင်းတွေကရော"
"နှင်းဆီအိမ်တော်ကို ကျွန်တော်တို့စောင့်ကြည့်လို့မရဘူး အစ်ကိုလေး သူတို့လုံခြုံရေးတိုးမြင့်ထားတဲ့အပြင် ကျွန်တော်တို့အကန်ုလုံးကို နွယ်မူယာပိုင်က သိနေတယ် အဲ့တော့ လှုပ်ရှားရခက်နေတယ်"
"ကျစ်!!!"
မင်းထိုက်တန် စိတ်ပျက်စွာ ကျွတ်သက်လိုက်ရင်း
"ဘယ်တတ်နိုင်မလဲ နွယ်မူယာပိုင်က ငါတို့ထပ် တစ်ကွက်သာသာနေတာ.. မင်းတို့လည်း အခြေအနေမကောင်းရင်ရှောင်နေ မင်းတို့ဆရာလိုသေမသွားနဲ့ သွားတော့!"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii