"ဟီး ကြိုရမှာပေါ့ မမရဲ့အခုက ဟော့ဒီက နွယ်မူယာပိုင်ရဲ့ ဇနီးသည်လေးဖြစ်နေပြီမလား"
"စကားသိပ်တတ်တဲ့ သာလိကာမလေး"
"ဟေ့ နွယ် နင်တို့ချစ်တာ အသာထား ငါခနဲ့ တွေ့ဖို့ကို နင်တို့က ပိတ်နေတာ ဖယ်ပေး အလိုက်ကို မသိဘူး"
ထိုအခါ နွယ်နဲ့မေတို့ ပြုံးလိုက်ကြ၍ နေရာဖယ်လိုက်ရာ သုတညိုက လင်းလက်ခကိုကောက်ယူချီလိုက်သည်
"အမယ်လေး ကိုကိုရယ် လန့်လိုက်တာ"
"လန့်စရာ ဘာရှိသလဲ ကိုကိုချီတာဘဲကို"
"ဟွန့် ကိုကိုနော် ဆိုးမလာနဲ့"
"အာဘွားပေးချင်လို့ပါ"
"ဟင့်အင်း မပေးနဲ့ သွား လူဆိုးကြီး"
လင်းလက်ခက သုတညိုရဲ့နှုတ်ခမ်းကို အတင်းတွန်းဖယ်နေရာ ဘေးက ကြည့်နေသော လူများ ရီမောကြရတော့သည်ထိုစဉ် နွယ်က
"အော် ငယ် ကိုယ်ငယ့်ကို ပေးစရာရှိတယ် ဧည့်ခန်းထဲခနလောက်"
နွယ်က ပြောပြောဆိုဆို မေ့အားခေါ်သွားရင်း သုတညိုအား မျက်စပစ်ပြလိုက်ရာ သုတညိုလဲ လင်းလက်ခတို့ကို ခေါ်၍ ဝင်လာသည် ဧည့်ခန်းထဲရောက်သော
"ထိုင်ပါအုံး အချစ်လေးရဲ့"
"ဟုတ်ကဲ့"
မေက ထိုင်လိုက်တော့ နွယ်က ကြမ်းပြင်၌ ဒူးထောက်လိုက်ပြီး သုတညိုလှမ်းပေးသော ပန်းစည်းနဲ့ ငွေရောင် ဗူးလောက်တစ်ဗူးကို ယူလိုက်ပြီး
"မျက်လုံးဖွင့်ကြည့်ပါအုံး"
မေမျက်လုံးဖွင့်လိုက်တော့ အလွန်အံဩသွား၍ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ထားမိသည် ပန်းတစ်စည်း နှင့် လက်စွပ်လေးတစ်ကွင်းပင်
"အလို မမ"
"အဲ့တာ ငယ့်အတွက်"
နွယ်က ထလာ၍ ဆိုဖာကို လက်ထောက်လိုက်ရာ မေနဲ့မျက်လုံးချင်းစုံသလိုဖြစ်နေသည် မေကတော့ ရှက်ရှက်ဖြင့်မျက်နာလေး ရဲနေသည်
"ကိုယ်က မင်းရဲ့ မမ မဟုတ်ေတာ့ဘူး"
"ရှင်!!!"
မေက နားမလည်ဟန်ဖြင့် နွယ့်အား ကြည့်နေရာ နွယ်က တစ်ချက်ပြုံးလိုက်ရင်း
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii