နွယ်က ရုံးခန်းအတွင်း၌ စာရွက်စာတန်းများဖတ်နေစဉ်
"နွယ်"
အသံပြုကာ ဝင်လာသော သုတညိုပင်
"ဒီမှာထိုင် ညို"
နွယ်က သုတညိုအား ညွှန်ပြလိုက်ရာ သုတညိုလည်းထိုင်ချလိုက်သည် နွယ်လာ်းအလုပ်စားပွဲမှ ထလာကာ ဆေးလိပ်ကို မီးညှိ့လိုက်ရင်း ပြတင်းပေါက်အနီး၌ မက်တပ်ရပ်နေသည်
"နွယ် နင်ငါ့ကိုဘာပြောစရာရှိလို့လဲ"
သုတညိုရဲ့အမေးကြောင့်နွယ်က
"အေး ဒီ Company ရဲ့ လိုအပ်နေတယ့် မန်နေဂျာနေရာ အတွက် နင့်ကို တာဝန်ပေးချင်တယ်"
သုတညိုက နားမလည်စွာ နွယ့်ကိုကြည့်လိုက်ရင်း
"ဘယ်လို ငါ့ကိုရွေးချယ်လိုက်တာလားနွယ်"
"ဟုတ်တယ် နင့်ကိုရွေးချယ်လိုက်တာ ငါ့အနေနဲ့ နင့်ကို သူငယ်ချင်းဆိုတာထပ် ငါရဲ့ဆွေမျိုး တစ်ယောက်လို သဘောထားလို့ ဒီတာဝန်ကိုပေးအပ်တာဘဲ ညို"
သုတညိုက နွယ်ရဲ့စကားကြောင့်
"အေးပါ နင်စိတ်မပျက်စေရဘူး နွယ်"
"ငါယုံပါတယ်..."
ထိုစဉ်
"နွယ်!!!"
မင်းနောင်က အမောသကော ပြေးလာရာ
"ကိုမင်းနောင် ဘာဖြစ်တာလဲ"
ကိုမင်းနောင်က မောဟိုက်နေသဖြင့်ခေတ္တ အမောဖြေပြီးမှ ပြောသည်က
"ငါတို့ရှယ်ယာရှင်တွေ သောင်းကြမ်းနေပြီ"
နွယ်က ထိုစကားကြောင့် ပြုံးလိုက်ရင်း
"သူတို့သိသွားကြပြီဘဲ"
နွယ်က ရှေ့ဆုံးက ထွက်သွားသဖြင့် ကိုမင်းနောင်နှင့်ညိုတို့ ပါလိုက်သွားရာ အစည်းအဝေးခန်းထဲကို ဝင်လိုက်သည်နှင့်
"နွယ်မူယာပိုင် လာပြီ!!!"
ရှယ်ယာရှင်များ၏အသံများထွက်ပေါ်လာပြီးနွယ့်ကို ကြည့်နေကြသည် နွယ်ကတော့ အစည်းအဝေးခန်းထဲသို့ Smart ကျစွာဝင်လာ၍ ထိုင်ခုံ၌ ထိုင်လိုက်သည်
"နွယ်မူယာပိုင် ငါတို့ပိုက်ဆံတွေအတွက်မင်းဘာလုပ်ပေးမှာလဲ ဟမ်!"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii